Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အခွန်တိုးမြှင့်မယ့် ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို ငြိမ်မခံဘဲ အဆုံးထိ ရင်ဆိုင်သွားမယ်လို့ တရုတ်ပြော

တရုတ် ကုန်စည်တွေအပေါ် အခွန်တွေ ထပ်တိုးကောက်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး ငြိမ်ခံမနေဘဲ လက်တုံ့ပြန်မှာဖြစ်ကြောင်း တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။

တရုတ် ကုန်စည်တွေအပေါ် အခွန်တွေ ထပ်တိုးကောက်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး ငြိမ်ခံမနေဘဲ လက်တုံ့ပြန်မှာဖြစ်ကြောင်း တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။

ထရမ့်ဟာ အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် သွင်းကုန် အခွန်စည်းကြပ်မှု အသစ်တွေ သတ်မှတ် ကြေညာခဲ့ရာမှာ တရုတ် ကုန်စည်တွေကို အခွန် ၃၄ ရာခိုင်နှုန်း တိုးကောက်ဖို့ လျာထားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ တကယ်လို့ တရုတ်ကသာ လက်တုံ့ပြန်ပြီး အမေရိကန် သွင်းကုန်တွေကို အခွန်တိုးကောက်မယ်ဆိုရင် အမေရိကန်ကလည်း နောက်ထပ် အခွန် ၅၀ ရာခိုင်နှုန်း ထပ်တိုးဖို့ စဉ်းစားထားကြောင်း ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဧပြီ ၈ ရက်နေ့မှာတော့ တရုတ် စီးပွားရေး ဝန်ကြီးဌာနက ထရမ့်ရဲ့ အဲဒီ ခြိမ်းခြောက်မှုကို ရှုတ်ချခဲ့ပြီး လက်တွေ့သာ လုပ်မယ်ဆိုရင် အမေရိကန်ဟာ အမှားတကာ့ အမှားဆုံး အမှားကြီးကို ကျူးလွန်မိလျက်သား ဖြစ်သွားလိမ့်မယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ ထရမ့်ရဲ့ စကားတွေဟာ အမေရိကန် အစိုးရရဲ့ ရန်လိုတဲ့ သဘောထား မူဝါဒတွေကိုလည်း ထင်ဟပ်စေတယ်လို့ တရုတ်က ပြောပါတယ်။

နောက်ပြီး အမေရိကန်ရဲ့ မမျှတတဲ့ အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်ကလည်း အလျှော့မပေးဘဲ အဆုံးထိ ဆက်လက် ရင်ဆိုင်သွားမယ်လို့ တရုတ် စီးပွားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အခြေအနေတွေက ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားမှာ ကုန်သွယ်ရေး စစ်ပွဲအသွင် တင်းမာတဲ့ အားပြိုင်မှုတွေ ပိုမို ဆိုးရွားသွားစေနိုင်တဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

Bloomberg သတင်းဌာနရဲ့ အဆိုအရ ထရမ့် ခြိမ်းခြောက်တဲ့ အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်မှု ဆိုတာဟာ မူလတုန်းက တရုတ် သွင်းကုန်တွေအပေါ် ၂၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု၊ အခုလထဲမှာ ထပ်မံ ကြေညာတဲ့ အခွန် ၃၄ ရာခိုင်နှုန်း ထပ်တိုး စည်းကြပ်မှုတွေနဲ့ သီးခြားစီ ဖြစ်တယ်လို့ သိရပါတယ်။ တစ်နည်းအားဖြင့် တကယ်သာ အကောင်အထည် ဖော်ခဲ့မယ်ဆိုရင် ထရမ့်ရဲ့ အစိုးရဟာ ပစ်မှတ်ထား သတ်မှတ်တဲ့ တရုတ် သွင်းကုန် အမျိုးအစားတွေကို ကုန်စည်တန်ဖိုးရဲ့ စုစုပေါင်း ၁၀၄ ရာခိုင်နှုန်းထိ အခွန်ကောက်ယူမယ့် အဓိပ္ပါယ်လို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်နေပေမယ့် ထရမ့်ကတော့ ကုန်သွယ်ခွန်တွေ မြှင့်တင် ကောက်ယူဖို့ဟာ မဖြစ်မနေ လိုအပ်တဲ့ ကိစ္စတစ်ခုလို့ ကာကွယ် ပြောကြားထားပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေဟာ ကုန်သွယ်ရေး ကဏ္ဍမှာ အမေရိကန်ကို နှစ်ပေါင်းများစွာ အမြတ်ထုတ်ခဲ့ကြတယ်လို့လည်း ထရမ့်က စွပ်စွဲထားပါတယ်။

ကိုးကား: Bloomberg

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

Facebook