ဧပြီ၉၊၂၀၂၅။Scorpio/People’s Spring
မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ငလျင်ရှောင်ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဧပြီ(၈)ရက် ညပိုင်းက အမရပူရမြို့၊ ဆင်ကာရပ်ကွက်၊ အောင်ချမ်းသာဘုရားဝင်းအတွင်းမှာ လာရောက်ငလျင်ဘေးရှောင်နေတဲ့ ပြည်သူတွေထဲက အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ အမရပူရဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လယ်ကွင်းပြင် တဲတန်းမှာ အိပ်နေတုန်း ပိုးထိတာ။ မစိုးရိမ်ရတော့ဘူး”လို့ ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ခတ်နေဆဲဖြစ်တာကြောင့် နှစ်ပတ်နီးပါးကြာတဲ့အထိ အမရပူရက ပြည်သူတွေဟာ ယာယီတဲတွေမှာ နေထိုင်နေရတာကြောင့် မြွေပါးကင်းပါး သတိထားနေရတယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။
လက်ရှိ အမရပူရမြို့မှာ မိုးလာမယ့်အရိပ်အယောင်တွေရှိနေပြီး ယာယီတဲတန်းများထိုးကာ ပြင်ဆင်နေကြပါတယ်။



















































