Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင်​နောက်ဆက်တွဲငလျင်ထပ်လှုပ်၊ ပြည်သူများစိုးရိမ်၍လမ်းပေါ်​ရောက်လာ

မန္တလေးမြို့တွင် ယ‌နေ့ (ဧပြီလ ၉ရက်​နေ့)ညက အင်အားသိသာသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်သဖြင့် မြို့ခံအချို့သည်စိုးရိမ်ကာ လမ်းပေါ်သို့ ပြန်ထွက်လာကြသည်။

ငလျင်လှုပ်၍ လမ်း​ပေါ်ထွက်လာကြ​သောပြည်သူများနှင့် ည ၁၀ နာရီ ခွဲခန့်တွင်လှုပ်​သောငလျင်တည်​နေရာပြ​မြေပုံ။ ဓါတ်ပုံ-CJ

ဧပြီ-၉၊၂၀၂၅။ ဧရာ/People’s Spring

မန္တလေးမြို့တွင် ယ‌နေ့ (ဧပြီလ ၉ရက်​နေ့)ညက အင်အားသိသာသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်သဖြင့် မြို့ခံအချို့သည်စိုးရိမ်ကာ လမ်းပေါ်သို့ ပြန်ထွက်လာကြသည်။

မတ်လ ၂၈ ရက်​နေ့က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး ​နောက်ဆက်တွဲ​မြေငလျင်ငယ်များ မကြာခဏလှုပ်ခတ်​နေရာ ဧပြီ ၉ ရက်ည ၁၀ နာရီ၂၉ မိနစ်အချိန်ခန့်တွင် မန္တလေးမြို့အနီး အုန်းချော၌ စ်ချ်တာစကေး ၄.၀ အဆင့်ငလျင် လှုပ်စဉ် မန္တ​လေး၌ သိသိသာသာ လှုပ်သွားခဲ့သည်။

မြေအောက်အနက် ၅ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခြင်းဖြစ်ပြီး စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက် လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဧပြီ၉ ရက်ည တွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အ​မေရီကန် ငလျင်တိုင်းတာ​ရေးဌာနက ဧပြီ ၉ ရက်ည ၁၀ နာရီ ၂၉ မိနစ်တွင်လှုပ်ခတ်​သောငလျင်မှာ ​ကျောက်ဆည်မြို့ အ​နောက်​မြောက်ဘက် ၁၄ ကီလိုမီတာကွာ​ဝေး​သော​နေရာတွင်​မြေအနက် ၁၀ ကီလိုမီတာ၌ ဗဟိုပြုပြီး အင်အား ၃ ဒသမ ၅ ဖြင့်လှုပ်ခတ်​ကြောင်းထုတ်ပြန်ထားသည်။ထိုအပြင် ဧပြီ ၉ ရက် ၂ နာရီခွဲခန့်ကလည်း​ရွှေဘိုမြို့ ၏ အ​ရှေ့​မြောက်ဘက် ၃၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၇ အဆင့်ရှိငလျင် နှင့် ည ၉ နာရီ ၁၀ မိနစ်တွင် ​ကျောက်ဆည်မြို့၏ အ​နောက်​တောင်ဘက် ၂၇ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၃ ဒသမ ၆ ရှိ​မြေငလျင်လှုပ်ခတ်ခဲ့​ကြောင်းလည်း USGS ကထုတ်ပြန်ထားသည်။

မန္တလေးမြို့ခံများအနေဖြင့် အထပ်မြင့်တိုက်များတွင် မနေရန်၊ ဘေးလွတ်ရာ၌နေကြန် လူမှုကယ်ဆယ်ရေးအဖွဲ့များက လိုက်လံသတိပေးနေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။