Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် ပေါင်သန်း ၄၅၀ ထပ်မံပံ့ပိုးသွားမယ်လို့ ဗြိတိန်ကြေညာ

ယူကရိန်းအတွက် စစ်ရေးအကူအညီ စတာလင်ပေါင် သန်း ၄၅၀ ထပ်မံ ပေးအပ်သွားမယ်လို့ ဗြိတိန် အစိုးရက ကြေညာခဲ့ပါတယ်။

ယူကရိန်းအတွက် စစ်ရေးအကူအညီ စတာလင်ပေါင် သန်း ၄၅၀ ထပ်မံ ပေးအပ်သွားမယ်လို့ ဗြိတိန် အစိုးရက ကြေညာခဲ့ပါတယ်။

ဂျာမနီနဲ့အတူ ပူးပေါင်းပြီး ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ နိုင်ငံပေါင်း ၅၀ လောက်ကို အစည်းအဝေး စုစည်း ခေါ်ယူသွားဖို့ စီစဉ်နေချိန် အတွင်းမှာ ဗြိတိန်က အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဘရပ်ဆဲလ်မှာ ကျင်းပမယ့် အစည်းအဝေးဟာ နိုင်ငံစုံရဲ့ ကာကွယ်ရေး အရာရှိတွေဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ယူကရိန်း ကျူးကျော်စစ်ကို ရပ်ဆိုင်းသွားအောင် ဝိုင်းဝန်း ဖိအားပေးစေဖို့ ရည်ရွယ်ထားကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက ပြောပါတယ်။

ရုရှားရဲ့ ရန်လိုကျူးကျော်မှုကို ဟန့်တားဖို့အတွက်ဆိုရင် ယူကရိန်းရဲ့ ကာကွယ်ရေး စွမ်းရည်ကို မဖြစ်မနေ ဝိုင်းဝန်းဖြည့်တင်း ပံ့ပိုးပေးရမယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် အစိုးရက ထပ်မံပေးပို့မယ့် စတာလင်ပေါင် သန်း ၄၅၀ တန် အထောက်အပံ့တွေမှာတော့ ဒရုန်းတွေ၊ တင့်ကားဖျက်မိုင်းတွေ ရာထောင်ချီ ပါဝင်မှာ ဖြစ်သလို ထိခိုက်ထားတဲ့ စစ်သုံးယာဉ်တွေကိုပါ ပြန်လည် ပြင်ဆင်ပေးမယ်လို့ သိရပါတယ်။

စတာလင်ပေါင် သန်း ၃၅၀ လောက်ကို ဗြိတိန် အစိုးရက တိုက်ရိုက် ထောက်ပံ့မှာဖြစ်ပြီး ကျန်တဲ့ ငွေကြေးကိုတော့ ဗြိတိန်က ဦးစီး ထူထောင်ထားတဲ့ ယူကရိန်း ထောက်ပံ့ရေး နိုင်ငံတကာ ရန်ပုံငွေထဲကနေ ထုတ်နုတ်ပြီး နော်ဝေးကနေတဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် ယူကရိန်းအပေါ် စစ်ရေးအကူအညီ ပေးမှုတွေကို သိသိသာသာ ဖြတ်တောက် လျှော့ချလာတဲ့နောက် ဗြိတိန်နဲ့ ဥရောပ မဟာမိတ်တွေဟာ အဲဒီဟာကွက်ကို ဖြည့်တင်းနိုင်ဖို့ ပိုမိုပြီး ကြိုးစားလာနေပါတယ်။

ပြီးခဲ့တဲ့လက ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ယူကရိန်းအတွက် စတာလင်ပေါင် ၁.၆ ဘီလီယံဖိုး ဒုံးကျည်တွေ ထောက်ပံ့သွားမယ့် ကိစ္စကို ကြေညာခဲ့သလို စစ်ပွဲစတင်ချိန်မှာ ထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေထဲက အတိုးငွေ စတာလင်ပေါင် ၂.၂ ဘီလီယံကိုလည်း ယူကရိန်းအတွက် ထုတ်ချေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဗြိတိန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကာလတလျှောက်မှာ ယူကရိန်းအတွက် အကူအညီ စတာလင်ပေါင် ၁၅ ဘီလီယံလောက်ထိ ပံ့ပိုးပေးထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook