Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးကြောင့် စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်များမှ သံဃာ၊သီလရှင်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၁၇၀ သေဆုံး

စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်များမှ သံဃာ၊သီလရှင်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၁၇၀ သေဆုံးခဲ့ရကြောင်း စာရင်းပြုစုသည့် သံဃာတော်အချို့က ထုတ်ပြန်သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၁၊၂၀၁၅။ရဲခေါင်/People’s Spring

စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်များမှ သံဃာ၊သီလရှင်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၁၇၀ သေဆုံးခဲ့ရကြောင်း စာရင်းပြုစုသည့် သံဃာတော်အချို့က ထုတ်ပြန်သည်။

စစ်ကိုင်းတောင်ရိုးရှိ သံဃာ၊သီလရှင်ကျောင်းတိုက် စုစုပေါင်း ၅၇ ခုမှာ ငလျင်ဘေးသင့်ရာတွင် သေဆုံးခဲ့မှုများဖြစ်ပေါ်ခဲ့ကြောင်း အသိပေးသည်။

သေဆုံးမှုများအနက် ရွှေဟင်္သာတိုက်သစ်မှ ရဟန်းတစ်ပါး၊သာမဏေ ငါးပါး၊အမျိုးသား သုံးဦးနှင့် အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၈ဦးဖြင့် အများဆုံး ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရတနာသိဂီပရဟိတသီလရှင်ကျောင်းသည် သာမဏေ တစ်ပါး၊သီလရှင်တစ်ပါးနှင့် အမျိုးသား ခြောက်ဦး၊အမျိုးသမီးရှစ်ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

သုတေသကချောင် သီလရှင်ကျောင်တွင် သီလရှင် ၁၄ပါး နှင့် ဇိနောဒယကျောင်း၌ ရဟန်းရှစ်ပါးနှင့် သာမဏေသုံးပါးတို့ဖြင့် သေဆုံးမှုအများဆုံးကျောင်းတိုက်စာရင်းတွင် ပါရှိသည်။

စာရင်းချုပ်အရ ရဟန်း ၂၅ပါး၊သာမဏေ ၂၉ ပါး၊သီလရှင် ၅၀ပါး၊ အမျိုးသား ၂၁ဦးနှင့် အမျိုးသမီး ၄၅ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

စစ်ကိုင်းမြို့နယ်တွင် မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၀ထက်မနည်းရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။ သို့သော် စစ်ကောင်စီဘက်ကမူ စစ်ကိုင်းမြို့၌ သေဆုံးမှုအရေအတွက်ကို သီးခြားဖော်ပြခြင်းမတွေ့ရှိဘဲ စစ်ကိုင်းမြို့ငလျင်ကို အကူအညီပေးရန်လာသည့် လူမှုကူညီရေးအဖွဲ့များကိုပါ တားဆီးပိတ်ပင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဧပြီ ၆ရက်အထိ ကောက်ယူထားသည့်စာရင်းအရ စစ်ကိုင်းမြို့နယ်တွင် ငလျင်ကြောင့်သေဆုံးသူ ၆၉၃ဦးရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။