Connect with us

Hi, what are you looking for?

သတင်း

ကချင်၊စစ်ကိုင်းနဲ့ တနင်္သာရီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ကချင်၊ စစ်ကိုင်းနဲ့ တနင်္သာရီမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၂)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ-၁၂၊၂၀၂၅။ သုည/People’s Spring

ကချင်၊ စစ်ကိုင်းနဲ့ တနင်္သာရီမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၂)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မှော်လှည့်သပိတ်စစ်ကြောင်းနဲ့ တာမခံသပိတ်အင်အားစုတို့ ပူးပေါင်းကာ ငလျင်ဘေးသင့်ပြည်သူတွေနဲ့ ထပ်တူ ဝမ်းနည်းရကြောင်း၊ သင်္ကြန်ချိန်ခါ မပျော်နိုင်ပဲ တော်လှန်နေတဲ့ ရဲဘော်တွေနဲ့ သပိတ်အင်အားစုပြည်သူတွေ ထပ်တူရပ်တည်ကြောင်း၊ ပြည်သူလူထုအား နေ့စဉ်ဗုံးကြဲနေတဲ့ စစ်ကောင်စီကို ရှုတ်ချကြောင်း ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီလူထုသပိတ်စစ်ကြောင်းဟာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး ဧပြီလ (၁၂)ရက်နေ့ ဒီနေ့ နေ့လည်က ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့အာဏာကို တည်ဆောက်ခြင်းဖြင့် စစ်အာရှင်စနစ်နဲ့အတူ အာဏာရှင်ဆန်သမျှကို ဖီဆန် အုံကြွ တော်လှန်တဲ့အနေနဲ့ အဲဒီလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ကြောင်း DDMSC က ဆိုပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ချီတက်ကြတာအပြင် ထားဝယ်သံချပ်ထိုးပြီး တော်လှန်ရေးအတွင်း အဖြစ်အပျက်တွေကို ဝေဖန်ထောက်ပြတာတွေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DDMSC၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်-ဖားကန့်မြို့နယ်

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။