Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့အမေရိကန်ထပ်မံတောင်းဆို

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ထပ်မံပြောဆိုလိုက်ပါတယ်။

ဧပြီ-၂၂၊၂၀၂၅။People’s Spring

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ထပ်မံပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဧပြီ ၂၂ရက်က ကျင်းပခဲ့တဲ့ ၃၇ကြိမ်မြောက် အမေရိကန်-အာဆီယံဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ အိုနေးလ်က မြန်မာစစ်ကောင်စီအနေနဲ့ ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူများကို လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှု လိုအပ်နေသူတွေဆီ အဟန့်အတားမရှိ အကူအညီပေးနိုင်ဖို့တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ အာဆီယံ သဘောတူညီချက် ၅ရပ်နဲ့အညီ မြန်မာနိုင်ငံ ဒီမိုကရေစီစင်စစ် လမ်းကြောင်းပေါ် ရောက်ရှိဖို့ အာဆီယံနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ အကြီးတန်းအရာရှိ အိုနေးလ်က အလေးပေးပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး မတ်လ ၂၈ရက် လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ အသက်ဆုံးပါးခဲ့ရသူများအတွက်ဝမ်းနည်ကြောင်းပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှေ့လာမယ့် ပြန်လည်ထူထောင်ရေးရက်ရှည်ကာလအတွင်းမှာလည်း လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အိုနေးလ်က​ပြောခဲ့ပါတယ်။

အဲဒီ အမေရိကန်-အာဆီယံဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့ပြီး အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းအစီအစဉ်နဲ့ ဆောင်ရွက်ချက်တွေ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျုဟာမြောက်ဆက်ဆံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတော့ စစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အမေရိကန်ကတောင်းဆိုထားတဲ့အချက်တွေကိုတော့ ထည့်သွင်းတာ မတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။