Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံမြို့တွင် ပျောက်ဆုံးနေသည့်အမျိုးသမီး ၂လကျော်အကြာတွင် ရုပ်အလောင်းပြန်တွေ့

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ၂လကျော် ပျောက်ဆုံးနေသော (၂၃)နှစ်အရွယ်အမျိုးသမီး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် တရားဥပဒေမစိုးမိုးတော့ကြောင်း မြို့ခံများက ပြောသည်။

မေ၁၊ ၂၀၂၅။ဧရာ/People’s Spring

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ၂လကျော် ပျောက်ဆုံးနေသော (၂၃)နှစ်အရွယ်အမျိုးသမီး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် တရားဥပဒေမစိုးမိုးတော့ကြောင်း မြို့ခံများက ပြောသည်။

ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာမှ မဖူးဖူးရွှေစင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် ဆိုင်ကယ်ဖြင့် နေအိမ်ပြင်ပသို့ထွက်ခွာသွားပြီး ပျောက်ဆုံးနေခြင်းဖြစ်သည်။ ရုပ်အလောင်းကို ဖျာပုံ-ဘိုကလေး ကားလမ်းဘေး သကံဂွကြီးရွာအနီးတွင် ဧပြီ ၂၉ရက်နေ့က ပြန်တွေ့ခဲ့သည်။

” အသတ်ခံရတာကြာပြီဗျ။ ပြန်တွေ့တော့ အရိုးစုပဲ။ လူပျောက်တိုင်ထားသူတွေကို လာကြည့်ခိုင်းတော့မှ အဲ့ဒီကောင်မလေးလို့ အတည်ပြုနိုင်တာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါအမျိုးသမီး ပျောက်ဆုံးသည့်နေ့က ဝတ်ဆင်သွားသည့် ဟန်းချိန်းသည် အရိုးစု၌ ရှိနေသေး၍ မိသားစုက အတည်ပြုခြင်းဖြစ်သည်။ စီးသွားသောဆိုင်ကယ်သည် ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

” ဖျာပုံမှာ မကြားဖူးတဲ့အမှုပဲ။ လူသတ်အလောင်းဖျောက်တာက တော်တော်ကိုအတင့်ရဲတယ်။ စစ်တပ်နဲ့ ပျူတွေက မြို့ကို ဖျက်ဆီးနေပြီဖြစ်တယ်” မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြန်တွေ့သည့် ရုပ်အလောင်းကို ဆေးရုံသို့ပို့ပြီး စစ်ဆေးမှုများပြုလုပ်နေသည်။ လက်နက်ကိုင်တော်လှန်ရေးအားမကောင်းသော ဧရာဝတီတိုင်းအတွင်း မြို့နယ် စစ်ကောင်စီက ထိန်းချုပ်ထားသည်။ မြို့တိုင်းတွင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများက မြေကွက်လပ်များ၌ ပန်းခြံများဆောက်ခြင်း၊ ပြင်ဆင်ရန်မလိုသော လမ်းများကို ကွန်ကရစ် အသစ်ထပ်ခင်းခြင်း၊ ရုံးဌာနများထပ်ဆောက်ခြင်းတို့လုပ်နေပြီး ပြည်သူပိုင်ဘဏ္ဍာငွေကိုသုံးကာ လုပ်ကွက်ဖော်နေကြသည်။

စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ပျူစောထီးများဦးစီးသော ကြက်ဝိုင်းများ၊ လောင်းကစားဝိုင်းများ ရှိနေသည်။ မကြာမီ ဧရာဝတီတိုင်း၌ စစ်ရေးဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောကြားထားသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာမြို့နယ်နှင့် ပုသိမ်ခရိုင်မှ ရေကြည်မြို့နယ်တွင် အာရက္ခတပ်‌တော်(AA)၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲများဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။