Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် တနေကုန်နီးပါးတိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ရေစကြိုမြို့နယ်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဉ်

​မေ ၁၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ရေစကြိုမြို့အခြေစိုက် အမှတ်(၂၅၈)ခြေလျင်တပ်ရင်း(ခလရ−၂၅၈)မှလာသော အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းကို ဧပြီ ၂၉ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ရေစကြိုပကဖက ဆိုသည်။

ထိုနေ့တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေကာ ၁၀ဦးထက်မနည်းထိခိုက်မှုရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီ၏ ရေစကြိုမြို့အခြေစိုက်နေရာများမှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ရဲဘော်တစ်ဦး ထိမှန်ဒဏ်ရာရခဲ့သည်။ ညနေပိုင်းတိုက်ပွဲအတွင်း ရေစကြိုပကဖ တပ်ခွဲမှူးတစ်ဦးမှာ ကျည်ထိမှန်ကာ ကျဆုံးခဲ့ရသည်ဟု အသိပေးသည်။

“မိုင်းသွားဆင်တဲ့အချိန်မှာ ကင်းပုန်းနဲ့တွေ့နယ်လို့ ယူဆရတယ်။ ချောင်းပစ်ခံလိုက်ရတာ။လက်နက်ကြီး ခြေထောက်မှန်တဲ့ ရဲဘော်ကတော့ ခြေထောက်မှ ထိခိုက်ဒဏ်ရာရခဲ့တယ်”ဟု ရေစကြိုပကဖ တာဝန်ရှိသူက ရဲဘော်အချို့ကျဆုံးထိခိုက်မှုအပေါ် ရှင်းပြသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေစကြိုမြို့၏ အနောက်ခြမ်းရှိ ထန်းဆယ်ပင်ကျေးရွာမှ နေအိမ် ၁၁လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ဧပြီ ၂၉ ရက်ညနေပိုင်းတွင် ခလရ(၂၅၈)တပ်တွင်း ပြန်လည်ဆုတ်ခွာသွားပြီး ယနေ့(မေလ ၁ ရက်)အထိ လှုပ်ရှားမှုမရှိဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် အဓမ္မစစ်မှုထမ်းမှ ခေါ်ဆောင်ထားသူများဖြင့် အင်အားဖြည့်တင်းပြီးနောက် ရေစကြိုမြို့နယ်ကို နယ်မြေရှင်းလင်းသည့်ပုံစံဖြင့် ယခုနှစ် ဖေဖော်ဝါရီကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ဒေသတွင်းကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးသူ၊ဖမ်းဆီးရမိသူနှင့် အလင်းဝင်သူများရှိကြောင်းလည်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လဒုတိယပတ်အထိ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတွင် ပြည်သူ ၁၈ဦးထက်မနည်းကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၂၀ကျော် မီးတင်ရှို့ဖျက်ဆီးခဲ့သည်။

ရေစကြိုမြို့တွင် စစ်ကောင်စီ၏ ခလရ(၂၅၆)၊(၂၅၇)နှင့်(၂၅၈)တပ်ရင်းများ အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။