Connect with us

Hi, what are you looking for?

သတင်း

တရုတ်အစိုးရ၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှု စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး မဖြစ်စေသင့်၊ ရန်သူမဟုတ်ကြောင်း ထုတ်ဖော်ရန်လိုကြောင်း ယာယီသမ္မတပြော

တရုတ်အစိုးရက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင်ဖျန်ဖြေမှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ပြောကြားခဲ့ပြီး တရုတ်အစိုးရ၏ NUG အပေါ် ထင်ကြေးအမျိုးမျိုး ချဉ်းကပ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း အစိုးရ အဖွဲ့ဝင်များကို မှာကြားခဲ့သည်။

မေ၂၊၂၀၂၅။သက်ဝေ/People’s Spring

တရုတ်အစိုးရက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင်ဖျန်ဖြေမှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ပြောကြားခဲ့ပြီး တရုတ်အစိုးရ၏ NUG အပေါ် ထင်ကြေးအမျိုးမျိုး ချဉ်းကပ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း အစိုးရ အဖွဲ့ဝင်များကို မှာကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ အဖွဲ့အစည်းအဝေးကို ဧပြီ ၂၉ရက်က ကျင်းပခဲ့ရာ ဒေသတွင်း ဩဇာကြီးမားသည့် တရုတ်နိုင်ငံနှင့်ပတ်သက်သော အရေးအရာများကို ယာယီသမ္မတက အလေးထား ပြောကြားခဲ့သည်။

“တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း တရုတ်ရဲ့ ကြားဝင် ဖျန်ဖြေမှုတွေနဲ့ ပတ်သက်ပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူတွေအပေါ်မှာ အခြေခံဖို့ ကျွန်တော်တို့အားလုံး တိုက်တွန်းနှိုးဆော် သင့်တယ်လို့ ယူဆပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

တရုတ်အနေဖြင့် မြန်မာ့အရေး၌ တက်ကြွစွာ ဝင်ရောက်ဖျန်ဖြေမှုကို မငြင်းသော်လည်း တဖက်တွင် ယခုထက် ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှုများဖြင့် ကြားဝင် ဖျန်ဖြေမှသာ ရေရှည် အတွက် ဆေးနည်းကောင်းဖြစ်မည်ဟု သမ္မတ ဒူဝါလရှီးလက ပြောသည်။

ယခုလုပ်ရပ်သည် မြန်မာ့အရေးကို လတ်တလော အနာသက်သာရုံ ဆေးမြီးတိုလောက်ဖြင့် ကျေနပ်တင်းတိမ်ရမလို ဖြစ်နေသည်ဟု ယူဆကြောင်း ယာယီသမ္မတက ပြောသည်။

တရုတ်နိုင်ငံဘက်က NUG အစိုးရအဖွဲ့အပေါ် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးရန် ကိစ္စကိုလည်း ယာယီသမ္မတက ပြောသည်။

တရုတ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာ အမျိုးမျိုးသော ထင်ကြေးများဖြင့် ချဉ်းကမ်ထင်မြေနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့် ယင်းအချက်ကိုလည်း လေးနက်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုကြောင်း ယာယီသမ္မတက ပြောသည်။

အစိုးရအဖွဲ့သည် တရုတ်၏ ရန်သူ မဟုတ်ကြောင်း၊ တရုတ်၏ အကျိုးစီးပွား ထိခိုက်စေသည့်အဖွဲ့မဟုတ်ဆိုသည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ရန်လိုကြောင်း ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကို အခြေခံသည့်နိုင်ငံခြားရေးသဘောထားရှိကြောင်း အသိပေးသည်။

ထို့ကြောင့် အစိုးရအဖွဲ့သည် တရုတ်၏ ရန်ဘက်အင်အားစုတစ်ခု မဟုတ်သည်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြသင့်ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ အကျိုးစီးပွားများနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရသည် တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမည်မဟုတ်ဘဲ မိတ်ဖက်အနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တရုတ်ဘက်သို့ သတင်းစကား ပါးသင့်သည်ဟုလည်း ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။