Connect with us

Hi, what are you looking for?

သတင်း

အိုးတိန်တွင်း ကျေးရွာ စာသင်ကျောင်းကို ဗုံးပဒေသာ သုံးပြီး စစ်ကောင်စီလေတပ် တိုက်ခိုက်ခဲ့တယ်လို့ NUG ဆို

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ အိုးတိန်တွင်း ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးပဒေသာ(Cluster) ဗုံးကို အသုံးပြုတိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မေ – ၁၃ ၊၂၀၂၅ /People’s Spring

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ အိုးတိန်တွင်း ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးပဒေသာ(Cluster) ဗုံးကို အသုံးပြုတိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မိတ္ထီလာမြို့ ၊ ရှမ်းတဲလေတပ်စခန်းက တက်လာတဲ့ ဂျက်တိုက်လေယာဉ်က ဗုံးကြဲ တာဖြစ်ပြီး ဗုံးပဒေသာလို့ အသိများတဲ့ ဆင့်ပွားပေါက်ကွဲတဲ့ (Cluster) ဗုံး ၂ လုံး အသုံးပြုခဲ့တာကို မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက် အပါအဝင် ကျန်ရှိခဲ့တဲ့ ဗုံးခွံတွေအရ သိရတယ်လို့ NUG က ဖော်ပြပါတယ်။

မနေ့ (မေလ ၁၂ ရက် ) မနက် ၉ နာရီ ၃၅ မိနစ်အချိန်မှာ အိုးတိန်တွင်းကျေးရွာ၊ စာသင်ကျောင်းမှာ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန် ဗုံးကြဲတိုက်ခိုက်ခံရတာလို့ NUG ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်ခံရမှုအတွင်း မနေ့ ည ၁၁ နာရီခွဲအချိန်ထိ မြေပြင်ကနေ နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရ ကျောင်းသား ၊ကျောင်းသူ အပါအဝင် ပြည်သူ ၂၂ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတ​ယ်။

စစ်ကောင်စီဘက်ကတော့ အိုးတိန်တွင်း ကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဗုံးပဒေသာ ( Cluster) လို့သိကြတဲ့ ဗုံးအသေးတွေ စုထားတဲ့ ထပ်ဆင့်ပေါက်ကွဲဗုံး ဟာ အရပ်သားပြည်သူတွေကို ထိခိုက် သေဆုံးစေမှုမြင့်မားစေတာကြောင့် နိုင်ငံတကာက အသုံးပြုမှုကိုတားမြစ်ထားပါတယ်။

ဗုံးပဒေသာတွေဟာ မပေါက်ကွဲဘဲ ကျန်ရှိနေရင် မြေမြှုပ်မိုင်းတွေလိုပဲ နှစ်နဲ့ချီပြီး အသက်ရှိနေကာ အရပ်သားပြည်သူတွေကို ထိခိုက်သေကြေစေနိုင်ပါတယ်။

ဒါကြောင့် ၂၀၀၈ ခုနှစ်မှာ နိုင်ငံပေါင်း ၁၂၃ နိုင်ငံက ဗုံးပဒေသာအသုံးပြုမှုကို တားမြစ်ပိတ်ပင်တဲ့ စာချုပ်ကိုချုပ်ဆိုခဲ့ကြပေမယ့် မြန်မာကတော့ အဲဒီ သဘောတူစာချုပ်မှာ မပါဝင်ခဲ့ပါဘူး။

မှတ်ချက် – ရွာအမည်ကို အိုးထိမ်းကွင်းကျေးရွာ မှ အိုးတိန်တွင်း ကျေးရွာအဖြစ် ပြင်ဆင်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာမှာ အညာနေ ပူလွန်းအိုက်လွန်းလို့ ဒေသခံတွေ ကိုယ့်အိမ်တင်ကို အရိပ်ခိုနေကြတယ်။ ရွာလယ်က အိမ်တစ်အိမ်မှာတော့ မိခင်ဖြစ်သူရယ်၊ သမီးနှစ်ယောက်ရယ်၊ အိမ်ထောင်ဦးစီးအမျိုးသားရဲ့ညီရယ် ရှိနေတယ်။ အိမ်ထောင်ဦးစီးကတော့ ကျွဲကျောင်းသွားနေသလို အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဆိုတဲ့ သားလေးကလည်း...

သတင်း

ကရင်နီပြည်မှာအာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့နှစ်လတာအတွင်းအရပ်သားပြည်သူ ၂၀ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့( KNDF) ကအောက်တိုဘာလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး မသန်စွမ်း ၁ဦးအပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

Facebook