Connect with us

Hi, what are you looking for?

သတင်း

KIO ဥက္ကဋ္ဌဟောင်းကွယ်လွန်မှုအ​ပေါ် ULA/AA၊ PNLO နှင့် PNFC တို့ ဝမ်းနည်း​ကြောင်းသဝဏ်လွှာပို့

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား ကွယ်လွန်သွားခြင်းအပေါ် အာရက္ခတပ်တော် (ULA/AA)နှင့် ပအိုဝ်းတော်လှန်ရေးအင်အားစုများဖြစ်သော PNLO၊ PNFC တို့ကဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

​မေ-၁၇၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဥက္ကဋ္ဌဟောင်း ဦးဇောင်းဟရား ကွယ်လွန်သွားခြင်းအပေါ် အာရက္ခတပ်တော် (ULA/AA)နှင့် ပအိုဝ်းတော်လှန်ရေးအင်အားစုများဖြစ်သော PNLO၊ PNFC တို့ကဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

အသက် (၈၇) နှစ်ရှိ ဦးဇောင်းဟရားသည် မေလ (၁၅) ရက်​​နေ့၊ နံနက်တွင်ကွယ်လွန်ခဲ့ရာ မိသားစု၊ ဆွေမျိုး၊ အဖွဲ့အစည်းနှင့် ထပ်တူ ဝမ်းနည်းရဟု ULA ၏ သဝဏ်လွှာ ၌ ဖော်ပြထားသည့်။

ဦးဇောင်းဟရားသည် ၁၉၆၃ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် တောင်တန်းဝန်ထောက်တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်းမှ KIO အဖွဲ့အစည်းထံသို့ ဝင်ရောက်သွားခဲ့သူ ဖြစ်ပြီးKIO အဖွဲ့အစည်းတွင် အဆင့်ဆင့်သော ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ရာ ၁၉၉၄ ခုနှစ်တွင် KIO ဒု-ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် KIO ဥက္ကဋ္ဌကြီး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ဥက္ကဌအဖြစ် ၁၂ နှစ်ကြာတာဝန်ထမ်း​ဆောင်ပြီး ၂၀၁၈ ခုနှစ်တွင် ဥက္ကဋ္ဌတာဝန်မှ အငြိမ်းစားယူခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကချင်ပြည်သူလူထုတစ်ရပ်လုံး၏ မျှော်မှန်းထားသော ရည်မှန်းချက်၊ KIA/KIO ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နေသည့် တော်လှန်ရေးကာလများတွင် ဥက္ကဋ္ဌကြီးသည် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် နိုင်ငံရေး၊ စစ်ရေး ဆွေးနွေးပြီး ပူးပေါင်းစစ်ဆင်ရေးဖွင့်လှစ်သည့်အချိန်တွင် အစမှ အဆုံးအထိတာဝန်ယူနိုင်ခဲ့ခြင်း၊ ရန်သူနှင့် ခေတ်အဆက်ဆက် တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ခြင်းတို့အပြင် ၁၉၈၆ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း KIO ဥက္ကဋ္ဌကြီးတစ်ဦးဖြစ်သော ဘရန်ဆိုင်း နှင့်အတူ ကမ္ဘာ့နိုင်ငံများသို့ သွားရောက်ကာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ခရီးစဉ်များတွင် ပါဝင်ခဲ့ခြင်း စသည်တို့မှာ ဥက္ကဋ္ဌကြီး၏ တော်လှန်ရေးသက်တမ်း တစ်လျှောက် စွမ်းဆောင်ချက်များထဲမှ ထင်ရှားသည့်အချက် အချို့ပင်ဖြစ်ဟု ULA ၏ သဝဏ်လွှာ၌ ရေးသားထားသည်။

တာဝန်ထမ်းဆောင်ခဲ့သော တော်လှန်ရေး သက်တမ်းတစ်လျှောက်တွင် ကချင်လူမျိုးများနှင့် KIO/KIA အဖွဲ့အစည်းအတွက် ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုး အတွက် အနစ်နာခံစွန့်လွှတ်ပြီး ပေးအပ်လာသောတာဝန်တိုင်းကို တက်တက်ကြွကြွ ထမ်းဆောင်နိုင်တတ်သောသူ တစ်ဦးအဖြစ် အများ၏လေးစားခြင်းကို ခံခဲ့ရသောသူဖြစ်ကြောင်း၊ တော်လှန်ရေး တာဝန်၊ အဖွဲ့အစည်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်ခဲ့ဟုလည်း ဖော်ပြသည်။

KIO အဖွဲ့အစည်းတွင် (၅၅) နှစ်တိုင် တော်လှန်ရေးတာဝန်၊ အဖွဲ့အစည်းတာဝန်များကို မညည်းမညူ ထမ်းဆောင်ခဲ့သော KIO ၏ ဥက္ကဋ္ဌဟောင်းဦးဇောင်းဟရား ခရစ်တော်၌ ကောင်းစွာ အိပ်ပျော်ပါစေ ဟုလည်း ULAက ဆုတောင်းမေတ္တာပို့သခဲ့ သည်။

ဦးလညော်ဇောင်းဟရားကွယ်လွန်သွား၍KIO/KIA အပါအဝင် ကချင်ပြည်သူ များနှင့်အတူ ဝမ်းနည်းကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့ကလည်း ပူးတွဲသဝဏ်လွှာ ပေးပို့သည်။

ဥက္ကဌကြီး ဦးလညော်ဇောင်းဟရားသည် တော်လှန်ရေး သက်တမ်း နှစ် (၆၀)ကျော် ကာလအတွင်းတွင် ကချင်အမျိုးသားရေးရည်မှန်းချက်များနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ကွယ်လွန်ချိန်ထိ အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်ခဲ့သူဖြစ်ဟု ဖော်ပြသည်။

ပအိုဝ်းတော်လှန်ရေးနယ်မြေတွင် ရောက်ရှိနေထိုင်ခဲ့ပြီး ပအိုဝ်းတော်လှန်ရေးကို ကောင်းစွာသိရှိသူ ဖြစ်သည်ဟုသိရသည်။

ဥက္ကဌကြီး ဦးလညော်ဇောင်းဟရားက KIO ဥက္ကဌအဖြစ် ဆောင်ရွက်နေသည့်ကာလတွင် ညီညွှတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တပ်ပေါင်းစုကိုဖွဲ့စည်းနိုင်ခဲ့ကာ၂၀၁၃ခုနှစ် တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာ၌ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံတက်ရောက် ပေါင်း စည်းဆွေးနွေးနိုင်ခဲ့ကြသည့် လိုင်ဇာညီလာခံကြီးကို ဦးဆောင်ကျင်းပပေးခဲ့သည်ဟု သဝဏ်လွှာ၌ပါရှိသည်။

ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်နိုင်ရေးနှင့် ရေရှည်တည်တံခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် လိုင်ဇာသဘောတူညီ ချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ခဲ့ကြပြီး NCA စာချုပ်ကို စုပေါင်းရေးဆွဲနိုင်ရန် လိုင်ဇာညီလာခံကြီး က NCCT ကို ဖွဲ့စည်းပေးနိုင်ခဲ့သည်။

တနည်းအားဖြင့် KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေး ဆိုင်ရာသဘောထားများကို ဖော်ပြနိုင်ခဲ့ကြဟု PNLOနှင် PNFC ၏ သဝဏ်လွှာ၌ပါရှိသည်။

ဥက္ကဌကြီး ဦးလညော်ဇောင်းဟရားနှင့် ကချင်အမျိုးသားခေါင်းဆောင်များအပါအဝင် လူမျိုးပေါင်းစုံ အမျိုးသား ခေါင်းဆောင်ကြီးများက ချမှတ်ခဲ့ပြီး ကချင်ပြည်သူများနှင့် ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တလျက်ရှိသော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေး တို့အတွက် PNLO နှင့် PNFC အပါအဝင် ပအိုဝ်း ပြည်သူများကလည်း အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေကိုတန်းတူပညာသင်ခွင့်နဲ့ ဌာနဆိုင်ရာတွေမှာအလုပ်လုပ်ခွင့်ပေးထားတယ်လို့ဆို

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ULA/AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ သံတမန်‌ရေးအဆင်ပြေမှာကို မနာလိုတဲ့အုပ်စု​တွေရဲ့လုပ်ကြံမှုဟုအသိ​ပေး

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ် အသွင်းပြောင်းတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ အခြေခံ ဥပဒေ ခိုင်မာစေဖို့ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပြီး ကိုယ်တိုင်ပါဝင် ထည့်လိုက်တဲ့ မဲတပြားဟာ လူအများရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားမယ်ဆိုတာ သတိပြုဖို့...