Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်တွင် မိုးသည်းထန်ပြီးရေကြီးနေ

နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တပ်ကုန်းနှင့် ပျဥ်းမနားမြို့နယ်တို့မှ မြေနိမ့်ပိုင်းဒေသများ၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

နေပြည်တော် တပ်ကုန်းမြို့ နှင့် တပ်ကုန်မြို့နယ်အတွင် ​မေ ၁၈ ည​နေက ရေကြီးရေလျှံ​နေစဉ်။

မေ ၁၈၊၂၀၂၅။ကဖေး/People’s Spring

နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တပ်ကုန်းနှင့် ပျဥ်းမနားမြို့နယ်တို့မှ မြေနိမ့်ပိုင်းဒေသများ၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

တပ်ကုန်းနှင့် ပျဥ်းမနားမြို့နယ်တို့တွင် မေလ ၁၅ ရက်ကစ၍ မိုးရွာခဲ့ပြီး ယမန်နေ့(မေလ ၁၇ရက်) ညနေတွင် မိုးသည်းထန်ကာ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေခြင်းဟု ပျဉ်းမနားမြို့ခံတစ်ဦးက ပြောသည်။

“တပ်ကုန်းဘက်က ရေတွေဆင်းလာတာ။ ကျမတို့တော့ အထုပ်တွေကို အမြင့်ဘက်ကို တင်ထားပြီး ရေဘေးရှောင်ဖို့ပြင်ဆင်နေရတယ်။ မိုးကဆက်တိုက်ရွာနေပြီး ချောင်းတွေရေလျှံတာ”ဟု ပျဥ်းမနားမြို့ ဆင်သေဆည်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်း ရေလျှံနေပြီး ပတ်ဝန်းကျင်ကျေးရွာများ ရေဘေးကြိုတင်ပြင်ဆင်ရန်၊သက်ကြီးရွယ်အိုကလေးငယ်များအား စိတ်ချရသောနေရာများသို့ ပြောင်းရွှေ့ထားရန် လူမှုကူညီတဲ့အဖွဲ့များက သတိပေးနေသည်။

တပ်ကုန်းမြို့ မကျီးပင်ကျေးရွာအနောက်ဘက်ခြမ်းတွင် ယနေ့(မေလ ၁၈ရက်)နံနက်ပိုင်းကစ၍ ရေဝင်လာသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည်။

​မေ ၁၈ ရက်ညဦး ပိုင်း​ရောက်သည့်အခါ တပ်ကုန်းမြို့​ပေါ်သို့ ရေစတင်ဝင်ရောက်လာသည်။ ဘုရင်နောင် နယ်မြေ ၁၀ ကွက်သစ် အပိုင်း​တွေ​ရေတက်လာ​ကြောင်းကယ်ဆယ်​ရေးလုပ်​နေသူများကအသိ​ပေးထားသည်။

​နဝင်းချောင်းဘေး​ကျေးရွာများနှင့် ဆင်သေချောင်းဘေး​ကျေးရွာများရေဖြည်းဖြည်းချင်းတက်လာနေ၍သတိပြုကြရန် ကယ်ဆယ်​ရေးလုပ်​နေသူများကသတိ​ပေးသည်။

​နေပြည်​တော်ရှိ ပျဥ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်တို့သည် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့​သော ဖျက်အားပြင်း စစ်ကိုင်း​မြေငလျင်ဒဏ်ကိုခံခဲ့ရ​​သော​ဒေသများဖြစ်သည်။

ထိုအပြင် ​နေပြည်​တော်ဝန်းကျင်​ဒေသသည် ၂၀၂၄ စက်တင်ဘာလကလည်း ရာဂီဆိုင်းကလုန်းမုန်တိုင်းအရှိန်​ကြောင့် မိုးသည်ထန်စွာရွာသွန်းပြီး ​တောင်ကျ​ချောင်းများရုတ်တရက်ကျကာ ​ကျေးရွာ​နေအိမ်များစွာ ​ရေလွှမ်းမိုးခဲ့ပြီး လူ​သေဆုံးမှုနှင့် ရုပ်ဝတ္ထုပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့သည်။

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံဒေသအများစု၌ နေရာကွက်မိုးကြီးမည့်အခြေအနေဆက်ရှိနေပြီး ရေကြီးမှုနှင့် လေပြင်းဘေး သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Facebook