Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ်အစပ် စစ်ကြောင်းထိုးလာသောစစ်ကောင်စီပူးပေါင်းတပ် တိုက်ခိုက်ခံပြီးနောက် ဆုတ်ခွာပြေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ်အစပ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံတပ်ဖြစ်သော PNOပြည်သူ့စစ်တို့အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦး၊တပ်မှူးတစ်ဦးအပါအဝင် ငါးဦးထက်မနည်းသေဆုံးပြီးနောက် ဆုတ်ခွာထွက်ပြေးသွားကြောင်း ဖယ်ခုံ PSP ဒရုန်းတပ်ဖွဲ့(၁၀၀၆)က ယနေ့(မေလ ၁၉ရက်) ထုတ်ပြန်သည်။

ဖယ်ခုံ PSP ဒရုန်းတပ်ဖွဲ့(၁၀၀၆)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ − battalion1006

မေ ၁၉၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ်အစပ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံတပ်ဖြစ်သော PNO ပြည်သူ့စစ်တို့အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦး၊တပ်မှူးတစ်ဦးအပါအဝင် ငါးဦးထက်မနည်းသေဆုံးပြီးနောက် ဆုတ်ခွာထွက်ပြေးသွားကြောင်း ဖယ်ခုံ PSP ဒရုန်းတပ်ဖွဲ့(၁၀၀၆)က ယနေ့(မေလ ၁၉ရက်) ထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်ရှိ လွယ်လုံ၊ စန့်စွဲ၊ စန့်လိတ် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းကို ဖယ်ခုံ PSP ဒရုန်းတပ်ဖွဲ့ (၁၀၀၆)နှင့် Falcon Wings ပူးပေါင်း ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တပ်မှ ဗိုလ်မှူးတစ်ဦးနှင့် PNOပြည်သူ့စစ်မှ ဦးဆောင်ညွှန်ကြားသူ တပ်မှူးတစ်ဦးအပါအဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းသည် အလျှင်အမြန် ပြန်လည်ဆုပ်ခွာပြေးသွားကြောင်းလည်း အသိပေးသည်။

“နယ်မြေအခြေအနေကတော့ စကစနဲ့ PNO က ထိုးလိုက်၊အထိနာလို့ ပြန်ဆုတ်လိုက် ပုံစံမျိုးပေါ့။၁၃ ရက်နေ့ကတော့ သူတို့တော်တော်ကို အထိနာသွားကြတယ်။ PNOပြည်သူ့စစ်ရဲ့ အတင်းအဓမ္မစုဆောင်းခံထားရတဲ့ လူငယ်တွေတချို့ သေသွားကြတယ်။ပအိုဝ်းလူမျိုးတွေအနေနဲ့ စကစရဲ့အသုံးချခံဆက်မဖြစ်ဖို့ နဲ့ လူမျိုး ရေးဘာသာရေးမှိုင်းတိုက်နေမှုကို အတက်နိုင်ဆုံးတွေးတောကြဖို့ လိုနေပြီ”ဟု ရှမ်းတောင်အခြေစိုက် စစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီပူးပေါင်းတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ်စပ်ဒေသများတွင် စစ်ရေးအခြေနေတင်းမာမှုများဆက်ရှိနေပြီး စစ်ကောင်စီတပ်မှ ပြည်သူများအား မတရားဖမ်းဆီးခြင်းနှင့် ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း လုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်သည် အင်အား ၆၀၀ကျော်ဖြင့် ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်အစပ်ဒေသများအား ယခု မေလ ဒုတိယပတ်ကစ၍ ထိုးစစ်ဆင်ခဲ့ပြီး မေလ ၁၃ရက်က ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းတပ်မှ ၁၈ဦးထက်မနည်းထိခိုက် သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် ကဒူးကြီးကျေးရာအုပ်စုက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်တဲ့ PNOက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ထွက်ဆိုတဲ့ ရုပ်သံကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။