Connect with us

Hi, what are you looking for?

သတင်း

ပစ်ချသည့်ရဟတ်ယာဉ်အနီး ဗိုလ်ကြီးအလောင်းတွေ့၊ ရွှေကူ၌ အရေးပေါ်ဆင်းသည့်ရဟတ်ယာဉ် ပျံမတက်နိုင်သေးဟု KIA ပြော

စစ်ကောင်စီ၏ ရဟတ်ယာဉ်ပစ်ချမှုတွင် သေဆုံးနေသည့် ဗိုလ်ကြီးတစ်ဦးရုပ်အလောင်း တွေ့ရှိခဲ့ပြီး ရွှေကူမြို့၌ အရေးပေါ်ဆင်းသက်သည့် ရဟတ်ယာဉ်မှာ ပျံတက်နိုင်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဓာတ်ပုံ − မေလ ၂၀ရက်က KIAရဲဘော်များ ပစ်ချခဲ့သည့် ရဟတ်ယာဉ်များ ဗန်းမော်မြို့မှ ပျံတက်နေသည်ကို တွေ့ရစဉ်

မေ ၂၁၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီ၏ ရဟတ်ယာဉ်ပစ်ချမှုတွင် သေဆုံးနေသည့် ဗိုလ်ကြီးတစ်ဦးရုပ်အလောင်း တွေ့ရှိခဲ့ပြီး ရွှေကူမြို့၌ အရေးပေါ်ဆင်းသက်သည့် ရဟတ်ယာဉ်မှာ ပျံတက်နိုင်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ပူးပေါင်းတပ် မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်နေသည့် ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်များကို စစ်ကောင်စီက လေယာဉ်များအသုံးပြု စစ်လက်နက်ရိက္ခာများ ဖြည့်တင်းနေကြောင််း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့၌ စစ်ကောင်စီက လေကြောင်း အသုံးပြုတိုက်ခိုက်မှု၊ စစ်အင်အားဖြည့်တင်းမှု၊ မေလ ၂၀ရက်တွင် ဗန်းမော်မြို့သို့ လာသည့် စစ်ကောင်စီ ရဟတ်ယာဉ် သုံးစီးအနက် ၂စီးပစ်ခတ်နိုင်မှု၊ပစ်ချခံရသည့်ရဟတ်ယာဉ် ၂စီး၏ အခြေအနေ၊ ပစ်ချမခံရဘဲ နမ့်ပေါင် လေတပ်သို့ ပြန်ရောက်သွားသည့် ရဟတ်ယာဉ်မှ စစ်ကူများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများအပေါ် ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (မေလ ၂၁ရက်)တွင် လူထုနွေဦးသို့ ရှင်းလင်းပြောကြားသည်။

Public Service Announcement

Public Service Announcement

မေလ ၂၀ရက် နေ့လည်တွင် ဗန်းမော်မြို့ရှိ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ လူအင်အားဖြည့်ရန် မြစ်ကြီးနားမြို့ဘက်မှလာသည့် ရဟတ်ယာဉ် ၃စီးကို ပစ်ခတ်ရာ ၂စီးထိမှန်ခဲ့ဟုသည်ဟု ပြောသည်။

” တစ်စီးကတော့ရွှေကူရောက်ဖို့ မိုင်ပေါင်း ၁၅မိုင်လောက်အကွာမှာတောထဲမှာ ပျက်ကျသွားတာရှိပါတယ်။ ထိသွားတဲ့ ရဟတ်ယာဉ် တစ်စီးကတော့ ရွှေကူဘက်မှာ အရေးပေါ် ဆင်းသက်သွားတာ အခုထက်ထိ ပြန်ပြီးမှ တက်သွားတာ မတွေ့ရဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တစ်စီးမှာ နမ့်ပေါင်စစ်ကောင်စီလေတပ်ကို ဆင်းသက်နိုင်ခဲ့သည်ဟု ဆိုသည်။

” အဲဒီအစီးမှာ သယ်လာတဲ့ စစ်သည်တွေကိုတော့ ဗန်းမော်မှာ ချထားလို့ရပြီ။ ချထားတဲ့နေရာမှာ အယောက် ၂၀ ချထားတယ်တဲ့။ အဲဒီအထဲမှာ ၅ယောက်ကတော့ တိုက်ပွဲဖြစ်တဲ့နေရာ လေယာဉ်နဲ့ချသွားတဲ့နေရာမှာ ၅ယောက်ဒဏ်ရာရသွားတာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရွှေကူမြို့နှင့် ၁၆ မိုင်အကွာ၌ ပျက်ကျခဲ့သည့် ရဟတ်ယာဉ်တွင် စစ်ကောင်စီက အင်အားမည်မျှလိုက်ပါလာသည်ကို အတိအကျ မသိရဟုလည်း ပြောသည်။

” မနေ့က လည်း ကျနော်တို့ အဖွဲ့တွေ နယ်မြေရှင်းလင်းရေး သွားလုပ်တာ ပျက်ကျတဲ့နေရာမှာလည်း ရောက်ပြီ။ အားလုံးက မီးလောင်နေလို့ အနီးကပ်ကြည့်လို့မရဘူးတဲ့။ အဲဒီနားမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့ အလောင်းတလောင်းကိုတော့ တွေ့ရတယ် အဲဒါပဲ တွေ့တာပေါ့။ ဒီနေ့လည်း ပြန်ကြည့်တယ်။ ကြည့်တော့ သွားကြည့်ပြီလို့ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကမူ ရဟတ်ယာဉ်ပျက်ကျမှုတွင် ဗျူဟာမှူး အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသေဆုံးခဲ့သည်ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဆောင်ရွက်နေသည့် ဗန်းမော်ရှိ စစ်ကောင်စီ လက်ကျန်တပ်များကို စစ်ကောင်စီက လေယာဉ်များအသုံးပြု စစ်လက်နက်ရိက္ခာများ ဖြည့်တင်းနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

” စကစဘက်ကလည်း Y12၊ Y8နဲ့ စစ်လက်နက်တွေ ရိက္ခာတွေ ချပေးတာတွေရှိတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရိက္ခာချပေးသည့်လေယာဉ်ကို လုံခြုံရေးယူပေးသည့် လေယာဉ်များလည်းရှိပြီး ဗုံးကြဲတိုက်ခိုက်မှုများလည်းရှိဟု ပြောသည်။

” တနေ့ကိုတော့ ဗုံးသီး အလုံး ၃၀ အနည်းဆုံး ချပြီးမှ ဗုံးကြဲတာရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီက ဗန်းမော်တိုက်ပွဲ လေကြောင်းတိုက်ခိုက်မှုအခြေအနေအပေါ် ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်