Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာက ပျူခေါင်းဆောင်အဖမ်းခံရလို့ ပျူစောထီး ၁၇ဦး နုတ်ထွက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ပြည်သူ့စစ် ခေါ် ပျူစောထီးခေါင်းဆောင်ကို စစ်တပ်က ဖမ်းဆီးသွားလို့ ကျန်တဲ့ ပျူစောထီးအဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်သွားတယ်လို့ သတင်းထွက်နေပါတယ်။

မိတ္ထီလာအဝင် တိုးဂိတ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်များ။ ဓာတ်ပုံ − ပသစ

မေ ၂၂၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ပြည်သူ့စစ် ခေါ် ပျူစောထီးခေါင်းဆောင်ကို စစ်တပ်က ဖမ်းဆီးသွားလို့ ကျန်တဲ့ ပျူစောထီးအဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်သွားတယ်လို့ သတင်းထွက်နေပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၅)ရက်က မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် သူတို့ခေါင်းဆောင်အဖမ်းခံရတဲ့အတွက် သူတို့ပါ နုတ်ထွက်လိုက်ကြောင်း မိတ္ထီလာပြည်သူ့စစ်အဖွဲ့က ကိုဇေယျာဟိန်းဆိုသူက သူ့ရဲ့ Facebook လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

ဇော်ယုထွန်းဦးဆောင်တဲ့ ပြည်သူ့စစ်ဖွဲ့စည်းချိန်ကစပြီး ဒီကနေ့အထိ ကိုယ့်စားရိတ်ကိုယ်စားပြီး မိတ္ထီလာမြို့ကို စောင့်ရှောက်ခဲ့ကြောင်း၊ ယနေ့အထိ နွားထိုးကြီးဒေသတွင် လုံခြုံရေးဆောင်ရွက်ခဲ့ပေမဲ့ အခုအခါ ပြည်သူ့စစ်ခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က ပုဒ်မ ၅၀၅(က)နဲ့ အမှူဖွင့်အရေးယူလိုက်ကြောင်း ဇေယျာဟိန်းဆိုသူက ရေးသားပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးအား ဖမ်းဆီးအရေးယူခြင်းမှာ မြွေခေါင်းကို ဖြတ်လိုက်သကဲ့သို့ ခန္ဓာကိုယ်နှင့်အမြှီးမှာ ဘယ်သွားရမှန်းမသိ ဖြစ်ခဲ့ရပါသည်။ ဒါပေမဲ့ ကျွန်တော်တို့သည် မြွေချင်းတူပေမဲ့ ဆင်ပစ်မြွေများသာဖြစ်ပြီး အမြှီးမှာလည်း ခေါင်းပါကြောင်း သိစေချင်ပါသည်။”လို့ သူက ဆိုပါတယ်။

ဒါကြောင့် ၎င်းအပါအဝင် (၁၇)ဦးဟာ မိတ္ထီလာမြို့နယ်ဌာနေ ပြည်သူ့စစ်အဖွဲ့ကနေ နုတ်ထွက်ကြောင်း ပြည်သူ့စစ်အဖွဲ့ဝင် ​ဇေယျာဟိန်းက ရေးသားထားပါတယ်။

ပြည်သူ့စစ်တွေ နုတ်ထွက်ရတဲ့ဖြစ်စဥ်ကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မိတ္ထီလာပျူခေါင်းဆောင် ဇော်ယုထွန်းဟာ သူ့လူမှုကွန်ရက်မှာ စစ်မှုထမ်းငွေကြေးကောက်ခံတဲ့ကိစ္စကို ဝေဖန်ရေးသားလို့ နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားအောင် ဝါဒဖြန့်တယ်ဆိုပြီး စစ်တပ်က အရေးယူခဲ့တာပါ။

ဒါပေမဲ့ ဇော်ယုထွန်းဟာ မိတ္ထီလာတိုးဂိတ်မှာပဲ မလှိုင်မြို့နယ်က ဗိုလ်မှူးတစ်ယောက်မောင်းလာတဲ့ကားကို မှန်ချခိုင်းရာကနေ စကားများပြီး အခုလိုဖမ်းဆီးခံရတာလို့ သူ့အသိုင်းအဝိုင်းက ရုပ်သံမှတ်တမ်းတွေ ဖြန့်ဝေခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာ ဗိုလ်မှူးဆိုသူက ​ဇော်ယုထွန်းနဲ့ပျူစောထီးအဖွဲ့ကို လက်နက်နဲ့ကော လက်ပစ်ဗုံးပါ ဖောက်ခွဲပစ်မယ်လို့ အ​ကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဇော်ယုထွန်းပြန်လည်လွတ်မြောက်ဖို့ ပျူစောထီးတွေ ကြိုးစားပေးနေပြီး ယနေ့ မေလ(၂၂)ရက်အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။