Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ် အုမ္မသီးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

အပစ်ရပ်ထားသည်ဆိုသည့်စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်၊ နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။

နောင်ချိုမြို့နယ်အား ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

မေ ၂၂၊၂၀၂၅/People’s Spring

အပစ်ရပ်ထားသည်ဆိုသည့်စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်၊ နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။

ယနေ့(မေလ ၂၂ရက်) နေ့လည်ပိုင်း ၁၂နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဟု TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် မေလ ၂၀ရက် ညနေပိုင်းကလည်း PSLF/TNLAအုပ်ချုပ်သော နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲချခဲ့သည်။ အဆိုပါဗုံးကြောင့် ဒေသခံပြည်သူ၏ နေအိမ်တစ်လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် မေလ ၁၈ရက်လည်း နောင်ချိုမြို့နယ်၊ ဒိုးပင်အုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးကိုလည်း ပေါင်(၂၅ဝ)ဗုံး ခြောက်လုံးကြဲချတိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် မေလ ၁၁ရက်က နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီအား တိုက်လေယာဉ်ဖြင့် ပေါင် (၅ဝဝ)ဗုံး နှစ်လုံးကြဲချတိုက်ခိုက်မှုတွင် ကုမ္မဏီအသုံးပြုနေသော ဘတ်ဖိုး တစ်စီး၊ သတ္တုထုတ်စက် တစ်လုံး၊ စက်ပစ္စည်းများထားရှိသောဂိုဒေါင် တစ်လုံးနှင့် အခြားသောပစ္စည်းများစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ ၁၆၈ဝဝဝဝယွမ် ပျက်စီးဆုံးရှုံးခဲ့ဟု TNLAက အသိပေးထားသည်။

တရုတ်အစိုးရကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် TNLAအကြား အပစ်ရပ်စဲရေး ဆွေးနွေးအပြီး စစ်ကောင်စီက နောင်ချိုအပါအဝင် TNLA ထိန်းချုပ်မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့ ၊ မန်တုံမြို့နယ်များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည့်အပြင် ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

တဖက်တွင် စစ်ကောင်စီက ငလျင်ဘေးအကြောင်းပြပြီး မေလကုန်အထိ အပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်း၊ လေကြောင်းတို့ဖြင့် နေ့စဉ် တိုက်ခိုက်လျက်ရှိဟု TNLAက အသိပေးသည်။

ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း ထပ်လောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။