Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်၍ ခရီးသွား ၂ဦး သေဆုံး

ကျောက်ကြီးတွင်လည်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၂ဦးသေ

စစ်ကောင်စီ၏ ခမရ(၃၀၇)တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ မတောကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − KNU

မေ ၂၄၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)နှင့် ကျောက်ကြီး(လယ်ဒို)မြို့နယ်များတွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ဦး အပါအဝင် ပြည်သူ ၄ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုကယနေ့(မေလ ၂၄ရက်) ထုတ်ပြန်သည်။

KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်က အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံး အခြေအနေကို ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။

မေလ ၂၁ရက်က ရွှေကျင်မြို့နယ် သံဆိမ်စခန်းမှ စစ်ကောင်စီတပ်၏ စုပေါင်းတပ်များမှ ထင်ကျော်ရော်ဘာခြံ နတ်စဉ်တံတားတွင် ခရီးသွာလာနေသော ဒေသခံပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဝိုင်းကျွန်းကျေးရွာမှ (၅၀)ကျော် အမျိုးသားနှင့် တပင်ချောင်းကျေးရွာမှ (၆၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ (၂၁)နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မေလ ၂၃ရက်တွင်လည်း စစ်ကောင်စီ၏ ခမရ(၃၀၇)တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ မတောကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ကာ အိမ်ရှင်အမျိုးသမီး တစ်ဦးနှင့် နရွဲပင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် (၇၅)နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီသည် KNUအုပ်ချုပ်နယ်မြေများရှိ ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိ၍ ပြည်သူသေဆုံးထိခိုက်မှုများ၊ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရမှုများ ကြုံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။