Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် လေးထပ်တိုက်ပြိုကျပြီး လူတစ်ဦးဒဏ်ရာရ

မန္တလေးမြို့လယ်က ငလျင်ဒဏ်သင့်ထားတဲ့ လေးထပ်တိုက်ပြိုကျပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အ​ဆောက်အအုံ ပြိုကျနေစဥ်။ ဓာတ်ပုံ - CJ

မေ ၂၈၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့လယ်က ငလျင်ဒဏ်သင့်ထားတဲ့ လေးထပ်တိုက်ပြိုကျပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ မေလ ၂၈ရက် မနက် ၁၀နာရီလောက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၃၉ လမ်းနဲ့ လမ်း ၄၀ ကြားမှာရှိတဲ့ ငလျင်ဒဏ်ထိထားတဲ့ လေးထပ်တိုက် ထပ်ပြိုခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီပြိုကျိုကြောင့် အမျိုးသားတစ်ဦးလည်း ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“တိုက်က ငလျင်ဒဏ်ထိထားပြီး ဝိတ်မနိုင်လို့ပြိုကျတာပါ။ ငလျင်တော့မလှုပ်ဘူး။ တိုက်ပြိုတဲ့အရှိန်ကြောင့်လှုပ်တယ်လို့ထင်ရတာ။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေဟာ ငလျင်ထပ်လှုပ်တယ်ထင်ပြီး ထွက်ပြေးခဲ့ကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မန္တလေးမြို့မှာ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ နှစ်လပြည့်ခဲ့ပေမဲ့ ပြိုလက်စအဆောက်အအုံ အများအပြား ကျန်နေသေးပြီး အန္တရာယ်တွေရှိနေတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

ဒီနေ့မနက်ခင်းကတင်ပဲ မန္တလေးမြို့၊ ရတနာပုံစျေးအရှေ့ဘက်က ၇၇ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားမှာဖွင့်ထားတဲ့ Bar တခု မီးလောင်ပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။