Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသခံများအား စစ်တပ်အကြမ်းဖက်ဖမ်းဆီးနေကြောင်းကချင်လူအခွင့်အရေးအဖွဲ့ထုတ်ပြန်

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦး သေဆုံးသွားပြီး စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေကြောင်း ကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ – Kachin Human Rights Watch (KHRW)ကထုတ်ပြန်သည်။

​မေ-၂၈၊၂၀၂၅။ကဖေး/People’s Spring

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦး သေဆုံးသွားပြီး စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေကြောင်း ကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ – Kachin Human Rights Watch (KHRW)ကထုတ်ပြန်သည်။

ဖားကန့်မြို့နယ်၊ လုံးခင်းဒေသသို့ရောက်ရှိလာသည့်စစ်ကောင်စီစစ်ကြောင်းကမေလ၂၇ရက်ညတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ဆိုင်းဖရာရွာမှ စစ်ဘေးရှောင်တဲအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီးကလေးနှစ်ဦးသေဆုံးခဲ့သည်။

အသက် ၁၀နှစ် နှင့် ၁၂နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း KHRW က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်မေလ ၂၈ ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လုံးခင်းကျေးရွာအဝင်ရှိလယ်ပြင်တံတားနှင့် နေအိမ်အချို့ ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူလူထုကိုလည်း မတရားအကြမ်းဖက်ဖမ်းဆီးနေကြောင်း ထုတ်ပြန်ထားသည်။

“စစ်ကောင်စစ်ကြောင်းကလုံးခင်းထဲမှာမွှေ​နေတယ်။နေ့လယ်က တစ်ယောက်ပစ်သတ်ခံရတယ်။ ခုနစ်ယောက်ဖမ်းသွားတယ်။ အပြင်မထွက်ကြဖို့ သတိပေးနေကြတယ် အချင်းချင်း”ဟုလုံးခင်းဒေသခံတဦးကပြောသည်။

​မေ၂၈ရက်နံနက်အစောပိုင်းတွင်လုံးခင်းယန်းချက်စက်ရုံမှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်စစ်ကြောင်းသည် လုံးခင်းသံတံတားဟောင်းထိပ်တွင်း တပ်စွဲပြီး အရပ်သားများအားဖမ်းဆီးခဲ့သည်။

ဖမ်းဆီးထားသည့်အရပ်သားများကို တိုက်ပွဲအတွင်း လူသားဒိုင်းလုပ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ည​နေပိုင်းတွင် နံနက်ပိုင်းကကဲ့သို့ တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်ပွားသော်လည်း သေနတ်ပစ် ခတ်သံများကြားနေရဆဲဟု ဒေသခံအချို့ကပြောသည်။

စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသည့် လုံးခင်းသည် ဖားကန့်နှင့် သုံးမိုင်​ကျော်သာဝေးသည်။ လုံးခင်း-မှော်စီစာ-နမ္မဖြစ်-ဖားကန့်လမ်း၊ မှော်စီစာ – ဆောင်းချိန်-အမှိုက်ပုံ-ဖားကန့်လမ်း၊ လုံးခင်း-ငြိမ်းချမ်းသာယာ-မလန်း-နမ္မဖြစ်-ဖားကန့်လမ်းတို့ရှိသည်။ စစ်ကောင်စီသည် လုံးခင်း၌ပင်ရှိသေးပြီး ဖားကန့်သ်ို့ မည်သည့်လမ်းမှသွားမည်ကိုမသိရသေးပေ။

စစ်ကောင်စီစစ်ကြောင်း လုံးခင်းရွာအနီးရောက်ရှိလာ၍ ခုခံတိုက်ပွဲများတိုက်ခိုက်နေပြီး ဒေသခံများစစ်ရေးသတိပြုနေထိုင်ကြရန်၊စစ်ရေးသတင်းများအဆင်မပြတ်နားစွင့်နေရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။လုံးခင်းနှင့်ဖားကန့်ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ဘေးလွတ်ရာသို့အချိန်မီရှောင်ကြရန်နှင့် စစ်ရေးသတိရှိကြရန် KIA၊PDFတပ်ဖွဲ့ဝင်များကသတိပေးထားသည်။

ပြီးခဲ့သည်၂၀၂၄ခုနှစ် ဇူလိုင်လက ဆိုင်းတောင်ရွာအား KIA၊PDFက သိမ်းယူသည့်တိုက်ပွဲ ၌စစ်ကောင်စီသည်သံဃာတော်အချို့အပါအဝင် အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။