မြန်မာနိုင်ငံတွင် အောက်တိုဘာ ၇ရက်မှ နိုဝင်ဘာ ၆ရက် အတွင်း တိုက်ပွဲနှင့်ပဋိပက္ခဖြစ်စဉ် ၆၆၈ကြိမ် ဖြစ်ပွားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တစ်လတာအတွင်း ပြည်တွင်း သတင်းမီဒီယာများနှင့် မြေပြင်မှ တိုက်ရိုက်ရရှိသော သတင်းများကိုအခြေခံ၍ ကာကွယ်ရေးဝန်ကြီးဌာနက စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲနှင့် ပဋိပက္ခ ဖြစ်စဉ်များအနက် လက်နက်ကိုင် တိုက်ပွဲ ၈၃ကြိမ်၊ ပြည်သူ့ခုခံတော်လှန်စစ် ၂၀၇ကြိမ်၊ ပေါက်ကွဲမှု ၁၂၉ကြိမ်၊ လုပ်ကြံခံရမှုများ ၂၄၉ကြိမ် တို့ ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁,၃၀၉ ဦးသေဆုံးကာ ၄၆၃ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အရပ်သားပြည်သူ ၃၁၃ ဦးသေဆုံးပြီး ၆၃ဦး ဒဏ်ရာရကာ ၄၂၆ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြထားသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်ကျုးလွန်ခဲ့သည့် ဖြစ်စဉ်ပေါင်း ၁၉၇ ကြိမ်ရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement
ယခု ထုတ်ပြန်သည် ကိန်းဂဏန်းများထက် မြေပြင်၌ ပိုမိုဖြစ်ပွားနိုင်ကြောင်းလည်း အသိပေးထားသည်။




















































