Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုးကန့်တပ်မှ လက်ဖြောင့်တပ်သားပစ်ခတ်၍ စစ်ကောင်စီတပ်မှတစ်ဦးသေဟု ထုတ်ပြန်

MNDAAအနေဖြင့် မုံးကိုးဒေသ စစ်ရေးတင်းမာမှု လျှော့ချလို၍ဟုဆိုကာ အဆိုပါဒေသရှိ နေရာသုံးခုမှ MNDAA တပ်များကို ဆုတ်ခွာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ရက်တွင် ကြေညာထားသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၏ စနိုက်ဘာသမားမှ ပစ်ခတ်ခဲ့၍ စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း မုံးကိုးခရိုင်သို့ စစ်ကူများအဆက်မပြတ်ပို့ ဆောင်နေပြီး သိန္နီခရိုင်ဘက်တွင်လည်း MNDAAနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ နိုဝင်ဘာ ၉ရက်တွင် MNDAA နှင့် စစ်ကောင်စီတို့ သိန္နီခရိုင်၊ ဖုလုံအနောက်ဘက်တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ MNDAA စက်နိုက်ဘာသမား ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက် မှတပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ယင်းနေ့ညနေပိုင်းတွင်လည်း မုံးကိုးခရိုင် ၊ ပန်ရင်လပဒေသတွင် အခြေချသော MNDAAတပ်သည် စစ်ကောင်စီ၏ ယာယီတပ်စခန်းတစ်ခုကို တွေ့ရှိ၍ ဝင်ရောက်ရှာဖွေရာ တပ်သုံး ရိက္ခာအချို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

MNDAAအနေဖြင့် မုံးကိုးဒေသ စစ်ရေးတင်းမာမှု လျှော့ချလို၍ဟုဆိုကာ အဆိုပါဒေသရှိ နေရာသုံးခုမှ MNDAA တပ်များကို ဆုတ်ခွာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ရက်တွင် ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။