Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဗုံးကြဲမှု​ကြောင့်ကလေးငယ်၄၆၀ ကျော်အပါအဝင် ၃၁၀၀ ဦးကျော်သေဆုံး

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ရာအာဏာသိမ်းပြီးချိန်မှ ယခုနှစ် မေလကုန်အထိ လေကြောင်း တိုက်ခိုက်မှုများကြောင့် လေးငယ်များအပါအဝင် သေဆုံးသူ ၃,၁၀၀ ကျော်ရှိခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

အိုးတိန်တွင်းရွာ စာသင်​ကျောင်းကို စစ်​ကောင်စီဗုံးကြဲ၍ ​သေဆုံးခဲ့​သောက​လေးငယ်များ၏မိဘများငို​ကြွေး​နေစဥ်။ဓါတ်ပုံ-AFP

ဇွန်-၅၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ရာအာဏာသိမ်းပြီးချိန်မှ ယခုနှစ် မေလကုန်အထိ လေကြောင်း တိုက်ခိုက်မှုများကြောင့် လေးငယ်များအပါအဝင် သေဆုံးသူ ၃,၁၀၀ ကျော်ရှိခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

ဝန်ကြီးဌာနစုစည်းထားသည့် မှတ်တမ်းများအရ စစ်အုပ်စုကျူးလွန်ခဲ့​သောလေကြောင်းတိုက်ခိုက်မှုများမှာ မေလကုန်အထိအကြိမ်ပေါင်း ၂,၈၄၁ကြိမ်ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦး ရှိ​ကြောင်း ဇွန် ၄ ရက်ထုတ် ထုတ်ပြန်ချက်၌​ဖော်ပြထားသည်။

“သေဆုံးသူတွေအထဲမှာအသက်(၁၈)နှစ်အောက်ကလေးသူငယ်၄၆၆ ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ် ၇၁၈ ဦး ပါဝင်ပါတယ်” ဟု ဝန်ကြီးဌာနကအသိ​ပေးသည်။

Public Service Announcement

Public Service Announcement

​ကျောင်းသား​ကျောင်းသူ ၂၂ ဦးနှင့် ဆရာမ ၂ ဦး​သေဆုံးခဲ့​သော အိုးတိန်တွင်းရွာ​ကျောင်းဗုံးကြဲခံရမှုတွင် သားနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့​သော မသင်းမာက “ဒီလိုပဲပစ်ထားမလား။ဒီလိုပဲပစ်ထားဆိုတခြားရွာတွေ ၊တခြားကျောင်းတွေပစ်သွားရင်လူတွေလည်း ဘာမှ ရှိမှာမဟုတ်တော့ဘူး။အဲတာကြောင့် တခြားနိုင်ငံတွေလည်းကူညီပေးပါအုံးလို့။ရှုံ့ချ ရုံကလွဲလို့ သူတို့လည်း ဘာမှ မတက်နိုင်ဘူးလားလို့ မေးချင်တာ”ဟု နိုင်ငံတကာကို​မေးခွန်းထုတ်သည်။ စစ်​ကောင်စီ၏ လုပ်ရပ်အ​ပေါ် ခွင့်မလွတ်ဟုလည်း သူက​ပြောသည်။

ထိုအပြင် လေကြောင်း တိုက်ခိုက်မှုများကြောင့် သင်ကျောင်း (၂၅၁) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၉၉) ခုနှင့် ဘာသာရေးအဆောက်အအုံ (၄၄၃) ခု ပျက်စီးဆုံးရှုံးခဲ့သည်။

လေကြောင်းတိုက်ခိုက်မှု​ အများဆုံးခံရ​သော​​ဒေသများမှာ စစ်ကိုင်း၊မန္တလေး၊ ရက္ခိုင်၊ ရှမ်း နှင့်မကွေးတို့ဖြစ်သည်။ ပဲခူး၊ ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ တို့ကိုလည်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခံခဲ့ရသည်။

ထိုအပြင် စစ်ကောင်စီကအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၃၉၁ မှု ကျူးလွန်ခဲ့ပြီးသေဆုံးသူ ၄,၁၅၅ ဦး ရှိဟုလည်းဝန်ကြီးဌာနက အသိ​ပေးထားသည်။

စစ်​ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုနှင့်ပတ်သက်ပြီးဖော်ပြရာတွင် အတင်းအဓမ္မစစ်သားစုဆောင်းခံရမှုဖြစ်စဉ်ပေါင်း (၁,၄၉၃) ကြိမ်ရှိခဲ့ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ ၂၅,၉၄၄ ဦး ရှိဟု ဖော်ပြသည်။ ယင်းအနက် ပဲခူးတိုင်းသည် အများဆုံး အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရသည့်​ဒေသဖြစ်​နေသည်။မန္တလေးတိုင်းသည် ဒုတိယ ဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီသည် မတ်လ ၂၈ ရက်ရက်ကလှုပ်ခတ်ခဲ့​သော စစ်ကိုင်းငလျင်ကြောင့် ဟုဆိုကာယာယီ အပစ်ရပ်​ကြောင်းကြေညာခဲ့သော်လည်း စစ်ကိုင်းငလျင်လှုပ်ပြီး​နောက်ပိုင်း ​မေလကုန်အထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၂၈ ကြိမ်ရှိပြီး ပြည်သူ ၄၆၂ ဦး​သေဆုံးခဲ့ပြီး ၈၈၄ ဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။