Connect with us

Hi, what are you looking for?

သတင်း

NLD အစိုးရ ရေးဆွဲထားသည့်ပညာရေးသင်ရိုးညွှန်းကို ပြန်ပြင်ဆင်ပြီးပညာရေးစနစ် ဖော်ဆောင် နေဟုTNLA ပြော

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများ၌ ပညာရေးစနစ်ဖော်ဆောင်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကရေးဆွဲထားသည့်ပညာရေသင်ရိုးညွှန်းကို တအာင်းပြည်ပညာရေးကောင်စီ(TLEC) က ပြန်လည်ပြင်ဆင်ပြီး အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

နမ့်ဆန်တွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ မူလတန်းအဆင့်ဘာသာရပ်ဆိုင်ရာသင်ပြနည်း မွမ်းမံသင်တန်းဆင်းပွဲကိုအခမ်းအနားကျင်းပပြီးစီးမေလကုန်ပိုင်းကပြုလုပ်စဥ်။ဓါတ်ပုံ- PSLF/TNLA

ယခုပညာသင်နှစ်တွင် TNLA ထိန်းချုပ်နယ်မြေ၌ ကျောင်းပေါင်း ၇၀၀ ကျော်ဖွင့်နိုင်ရန် မျှော်မှန်း

​ဇွန်-၆၊၂၀၂၅။ရဲခေါင်၊ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများ၌ ပညာရေးစနစ်ဖော်ဆောင်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကရေးဆွဲထားသည့်ပညာရေသင်ရိုးညွှန်းကို တအာင်းပြည်ပညာရေးကောင်စီ(TLEC) က ပြန်လည်ပြင်ဆင်ပြီး အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

ဇွန် ၅ ရက်​နေ့ကျင်းပသည့် TNLA၏ သတင်းစာရှင်းလင်းပွဲ၌ ပညာရေးဆိုင်ရာ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပညာရေးစနစ်ကိုပြောမယ်ဆိုရင်လက်ရှိ ၂၀၂၄ ၂၀၂၅ ပညာသင်နှစ်ကတော့ TLEC ကပဲ ဦးဆောင်နေပါတယ်။သင်ရိုးညွှန်းကိုတော့လက်ရှိ TLEC ရဲ့သင်ရိုးညွှန်းအတိုင်းဖြစ်ပါတယ်။TLEC ကမှ ပြီးခဲ့တဲ့ NLD အစိုးရက ရေးဆွဲထားတဲ့ပ

ညာရေးသင်ရိုးညွှန်းကို အခြေ ခံပြီး TLEC သင်ရိုးညွှန်းကို ပြန်လည်ပြင်ဆင်တယ်။ဒီအတိုင်း သင်ရိုးညွှန်းကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ဒီအပေါ်မှာအမြဲတမ်းအခြေခံပြီး ဖက်ဒရယ်ပညာရေးစနစ်၊ကျောင်းသားတွေရဲ့တွေးခေါ်မှုကို ပိုမိုမြင့်မားစေမယ့် ပညာရေးစနစ်ပေါ့နော်အားလုံး ကိုခြုံငုံပြီးတော့ ပညာရေးသင်ရိုးညွှန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄-၂၅ ပညာသင်နှစ်တွင် TNLA ထိန်းချုပ်မြို့နယ်များ၌ကျောင်းပေါင်း၆၀၀ ကျော်ဖွင့်နိုင်ခဲ့ဟုသိရသည်။

“လာမယ့်၂၀၂၅ ၂၀၂၆ ပညာသင်နှစ်အတွက်လည်း ကျောင်းပေါင်း ၇၀၀ ကျော်ဖွင့်လှစ်ဖိုမျှော်မှန်းပြီးတော့မှ ဇွန်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိကျောင်းများစတင်ပြီး လက်ခံနေပြီဖြစ်ပါတယ်။မိဘပြည်သူများအနေဖြင့် ကလေးငယ် များကို ကျောင်းအပ်ရန် စတင်ပြီးတော့မှ ဆောင်ရွက် နိုင်ပြီဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

ဖွင့်လှစ်ရန် မျှော်မှန်းထားသည် ကျောင်း ၇၀၀ ကျော်အတွက် လိုအပ်နေသည့် ဆရာ၊ဆရာမ ဦးရေနှင့်ကျောင်းသား ဦးရေ မျှော်မှန်းချက်များ ရှိကြောင်း ပြောကြားပြီး အရေအတွက် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

“မျှော်မှန်းထားတဲ့ကျောင်းသားဦးရေကတော့လက်ရှိအချိန်ထိစောင့်ကြည့်နေဆဲဖြစ်ပါတယ်။ကျောင်းလက်ခံတဲ့အခြေအနေကိုဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။TLEC ကနေ ဘာသာရပ်ဆိုင်ရာနည်းပြမွမ်းမံသင်တန်းတွေလုပ်ခဲ့တာရှိပါတယ်။မေလ ထဲမှာဆိုရင်ကွတ်ခိုင်၊နမ့်ခမ်း၊နမ်မ္မတူ၊မိုင်းငေါ့၊မန်တုံနဲ့နမ့်ဆန် အစရှိတဲ့မြိုနယ်ကျေးရွာတွေမှာ ဆရာ၊ဆရာမများ ဘာသာရပ်တိုင်ရာမွမ်းမံသင်တန်းတွေပြုလုပ်ခဲ့ပါတယ်” ဟုလွေးယေဦးက ပြောသည်။

TNLAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်က မဟာမိတ်များနှင့်အတူဆင်နွှဲခဲ့သည့် ၁၀၂၇ရေး တစ်နှစ်ကျော်အတွင်း မြို့ ၁၂ မြို့ အပါအဝင် စစ်ကောင်စီတပ်စခန်းများစွာသိမ်းပိုက်နိုင်ခဲ့ပြီးသိမ်းပိုက်ထိန်းချုပ်ဒေသများကို အုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

Facebook