Connect with us

Hi, what are you looking for?

သတင်း

ခလရ(၉၈)တပ်ရင်းမှူးနှင့်မိသားစုကို စစ်​ကောင်စီပြန်ဖမ်း

ဧရာဝတီတိုင်း၊ဖျာပုံမြို့အခြေစိုက် အမှတ်-၉၈ခြေလျင်တပ်ရင်း(ခလရ၉၈)တပ်ရင်းမှူးနှင့်မိသားစုဝင်များကို အနောက်တောင်တိုင်စစ်ဌာနချုပ် (နတခ)တိုင်းမှူး၏အမိန့်ဖြင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးလိုက်သည်။

ရခိုင်ပြည်နယ်တိုက်ပွဲတွင်အာရက္ခတပ်​တော်(AA)ထံလက်နက်ချ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ။ရခိုင်ပြည်နယ်တိုက်ပွဲတွင် ခလရ ၉၈ မှစစ်သားအများအပြားစစ်ကူသွားရပြီး ​သေဆုံး ၊ဒဏ်ရာရသူ ၊လက်နက်ချသူများခဲ့သည်။ဓါတ်ပုံ- AA Info Desk

ဇွန်-၉၊၂၀၂၅။ယောနသံ/People’s Spring

ဧရာဝတီတိုင်း၊ဖျာပုံမြို့အခြေစိုက် အမှတ်-၉၈ခြေလျင်တပ်ရင်း(ခလရ၉၈)တပ်ရင်းမှူးနှင့်မိသားစုဝင်များကို အနောက်တောင်တိုင်စစ်ဌာနချုပ် (နတခ)တိုင်းမှူး၏အမိန့်ဖြင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးလိုက်သည်။

ဇွန်လ ၇ရက်ညက ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိထိန်းသိမ်းခံရသူများတွင်ခလရ(၉၈)တပ်ရင်းမှူး၏အသက်၁၄ နှစ်အရွယ်သမီးဖြစ်သူလည်း ပါဝင်သည်ဟု မအူပင်စရဖနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အမိန့်ပါလို့ တပ်ရင်းထဲတင် ဝင်ဖမ်းပြီး မအူပင်ဧည့်ရိပ်သာမှာတစ်ညထားတယ်။နောက်‌နေ့ ပုသိမ် နတခထဲ ခေါ်သွားတယ်”ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရတဲ့အကြောင်းအရင်းကိုအသေးစိတ်မသိရသေးသော်လည်း ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှတိုက်ပွဲများနှင့် ဧရာဝတီတိုင်း၊ရေကြည်၊ ငသိုင်းချောင်းမြို့နယ်တို့တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ၌ ခလရ(၉၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုများပြားနေခြင်း၊စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများ ရှေ့တန်းမှထွက်ပြေးမှုများပြားနေခြင်းတို့ကြောင့် ဖမ်းဆီးစစ်ဆေးနေခြင်းဟု သတင်းရရှိသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်က တိုက်ရိုက်အမိန့်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မအူပင်မြို့နယ်၊ ဌာနဆိုင်ရာအသိုင်းအဝိုင်းမှ သိရသည်။

ခလရ(၉၈)တပ်ရင်းမှူး၏ အမည်နှင့် ဖမ်းဆီးခံရသည့်မိသားစုဝင်အရေအတွက်ကို အသေးစိတ်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

ဧရာဝတီတိုင်းတွင် လက်ရှိ၌ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်တို့နှင့်ဆက်စပ်နေသောနေရာများ၌ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်များနှင့်စစ်ကောင်စီ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်တွင်ထိခိုက်သေဆုံးမှုများ

ပြားနေသည်။ ဇွန်လဆန်းကတိုက်ပွဲတွင် မအူပင်မြို့အခြေစိုက် ‌ခလရ(၂၇) တပ်ရင်းမှူးသေဆုံးကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အဆိုပါသတင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့တဲ့၂၀၂၄ခုနှစ်နှစ်ကုန်ပိုင်းက ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားနေချိန်၌ စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များ ပုသိမ်မြို့သို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများကို စည်းရုံးရေးဆင်းသွားသည်။ သိက္ခာကျ အောင်မလုပ်ရန်၊ ပေးအပ်သည့်တာဝန်ကိုကျေပြွန်ရန် ပြောဆိုသွားသည်။

စစ်ကောင်စီသည် အချင်းချင်းပြန်လည်ဖမ်းဆီးမှုအဖြစ် တပ်မ(၃၃)၏တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်နှင့်မိသားစုဝင်များကို ပြီးခဲ့သည့်မေလကုန်က ဖမ်းဆီးခဲ့သည်ဟု နေပြည်တော်နှင့် စစ်ကိုင်းတိုင်းစစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။