Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း(၆)မိုင် စခန်းသာရွာကို တော်လှန်ရေးတပ်တွေ ပြန်သိမ်း၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု များဟုဆို

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်သိမ်းပိုက်ထားတဲ့ (၆)မိုင်စခန်းသာကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းရခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုတွေလည်းများခဲ့တယ်လို့ သပိတ်ကျင်းဒေသက လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာမှ ရဲဘော်တွေကို တွေ့ရစဉ်။ဓာတ်ပုံ-အမှတ် -၁၂၂၂ တပ်ရင်း

ဇွန် ၉၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်သိမ်းပိုက်ထားတဲ့ (၆)မိုင်စခန်းသာကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းရခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုတွေလည်းများခဲ့တယ်လို့ သပိတ်ကျင်းဒေသက လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာကထိန်းချုပ်ထားတဲ့ (၆)မိုင်စခန်းသာကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။ အဲဒါကို TRI ဗျူဟာနဲ့ ပကဖ ပူးပေါင်းတပ်တွေက ဇွန်လ ၈ရက်မှာ ပြန်လည်ထိုးစစ်ဆင် သိမ်းယူခဲ့တာလို့ သပိတ်ကျင်းဒေသက စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“TRI ဗျူဟာထိုင်တဲ့စခန်းတွေကိုစကစက လွန်ခဲ့တဲ့နှစ်ရက်ကသိမ်းသွားတာပေါ့။ မနေ့က TRI ဗျူဟာနဲ့ ပကဖတွေ ပေါင်းသိမ်းလိုက်တာလို့ ပြောတယ်။ စကစသေဆုံးတာတွေလည်းများတယ်လို့ သိရတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

TRIဗျူဟာ ဟာ အမှတ်-၁၂၂၂တပ်ရင်းရဲဘော်တွေစုဖွဲ့ထားတဲ့ ဗျူဟာဖြစ်ပါတယ်။အဲဒီတပ်ရင်းဟာမိုးကုတ်၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ရင်းဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့နဲ့ (၇)မိုင်သာကွာဝေးတဲ့ (၇)မိုင်ကျေးရွာမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ အဲဒီနေရာမှာတော့ တအာင်းတပ်မတော်(TNLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAတပ်နဲ့အခြားပူးပေါင်းတပ်တွေ စုပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

(၇)မိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်း ရှိပါတယ်။

မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးတဲ့ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

တကယ်တော့ သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားတွေ ကင်းစင်ခဲ့တာ မဟုတ်ပါဘူး။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က အင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်ကျေးရွာကအမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက-၁၃)မှာ သွားရောက်စုဝေးသလို ၊စစ်တပ်က စစ်ကူပို့တဲ့စစ်သား​တွေနဲ့​ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကနေ စုဝေးစစ်ကြောင်းထိုးပြီး ကျေးရွာအချို့ကို ပြန်သိမ်းယူနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ တွင်းငယ်ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ရက်နေ့မှာ ကျေးရွာကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။

တွင်းငယ်ကျေးရွာကရဲကင်းစခန်းကိုမန္တလေးတိုင်းတာဝန်ခံရုံးကွပ်ကဲပြီး အမှတ် (၅၀၉)တပ်ရင်း ၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့က ၂၀၂၄ ဇူလိုင်၂၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ အမှတ်(၁)စစ်ဒေသရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တွင်းငယ်ကျေးရွာကို PLAက ၂၀၂၄ ဩဂုတ် ၁၇ရက်မှာ သိမ်းပိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။