Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ် စစ်တပ်ရဲ့ပွိုင့်-၂၅၆၆ စခန်းကို တော်လှန်ရေးတပ်တွေထပ်မံသိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့်-၂၅၆၆တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တွေက ဒီကနေ့(ဇွန် ၁၀ရက်)မှာ သိမ်းပိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ပွိုင့်-၂၅၆၆တပ်စခန်းသိမ်းပိုက်အပြီးတွေ့ရသော တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ − FFD ၊Tenasserim Campaign

ဇွန် ၁၀၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့်-၂၅၆၆တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တွေက ဒီကနေ့(ဇွန် ၁၀ရက်)မှာ သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၈ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၃ရက်အကြာ ဇွန်လ ၁၀ရက် နေ့လည်မှာ အပြီးသတ်သိမ်းပိုက်ရခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ် − ထားတယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ပွိုင့်-၂၅၆၆တပ်စခန်းရဲ့ အထိုင်တပ်ဟာ ခလရ(၂၅)ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ထီးထာဗျူဟာရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ နယ်စပ်တပ်စခန်းဖြစ်ပါတယ်။ အဲဒီတပ်စခန်းကို စစ်တပ်က ၁၉၉၇ နှစ်ကုန်ပိုင်းလောက်မှာ တည်ဆောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းပိုက်ရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၄)က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တပ်ရင်း (၇)၊ တပ်မဟာ ဒရုန်းတပ်ဖွဲ့ (Karen Drone Special Force/KDSF)၊ ထီးမိုပွာဒေသရှိ သစ်တောဌာန၊ KNPF ၊ လုံခြုံရေးတပ်ဖွဲ့၊ အမျိုးသမီးအစည်းအရုံးနဲ့ မဟာမိတ်တပ်များဖြစ်တဲ့ TPLF နဲ့ FFD Drone တပ်ဖွဲ့တို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။