ဇွန် ၁၀၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့်-၂၅၆၆တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တွေက ဒီကနေ့(ဇွန် ၁၀ရက်)မှာ သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၈ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၃ရက်အကြာ ဇွန်လ ၁၀ရက် နေ့လည်မှာ အပြီးသတ်သိမ်းပိုက်ရခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ် − ထားတယ်ခရိုင်က ထုတ်ပြန်ပါတယ်။
ပွိုင့်-၂၅၆၆တပ်စခန်းရဲ့ အထိုင်တပ်ဟာ ခလရ(၂၅)ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ထီးထာဗျူဟာရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ နယ်စပ်တပ်စခန်းဖြစ်ပါတယ်။ အဲဒီတပ်စခန်းကို စစ်တပ်က ၁၉၉၇ နှစ်ကုန်ပိုင်းလောက်မှာ တည်ဆောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

Public Service Announcement
စခန်းသိမ်းပိုက်ရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၄)က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တပ်ရင်း (၇)၊ တပ်မဟာ ဒရုန်းတပ်ဖွဲ့ (Karen Drone Special Force/KDSF)၊ ထီးမိုပွာဒေသရှိ သစ်တောဌာန၊ KNPF ၊ လုံခြုံရေးတပ်ဖွဲ့၊ အမျိုးသမီးအစည်းအရုံးနဲ့ မဟာမိတ်တပ်များဖြစ်တဲ့ TPLF နဲ့ FFD Drone တပ်ဖွဲ့တို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
