Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“မိဘပြည်သူတွေကို ကျွန်တော်ပြောချင်တာက အခု အခြေအနေက တော်တော်ခရီးပေါက်နေပြီ။ ဒီထက်ပိုပြီး တည်တည်ငြိမ်ငြိမ်လုပ်နိုင်ဖို့က လူထုရဲ့ပါဝင်မှု မရှိဘဲ ကျွန်တော်တို့ လုပ်လို့မရဘူး”

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့်မေးမြန်းခန်း (ဒုတိယပိုင်း)

Screenshot

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့်မေးမြန်းခန်း (ဒုတိယပိုင်း)

People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ခြင်းမရှိပေမယ့် လက်ရှိအခြေအနေမှာ အာဏာသိမ်းစစ်တပ်နဲ့ စကားပြောဆိုဖို့ အကြောင်းမရှိဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring ကို ပြောပါတယ်။

စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးကနေ ထွက်ခွာရမယ်၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရမယ်၊ စစ်တပ်ကျူးလွန်သမျှအတွက် တာဝန်ခံရမယ် စတဲ့အချက်သုံးချက်ကို လက်ခံကာ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့အခြေအနေမှာသာ စကားပြောဆိုမယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1692022601682970

နောက်ပြီး ကရင့်အလံတော်အောက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံး ရောက်ဖို့ တဆင့်ချင်းအကောင်အထည်ဖော်နေပြီး သဘောတူညီချက်တွေလည်း ရရှိနေပြီလို့ ပဒိုစောတောနီးက ရှင်းပြပါတယ်။

မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်နိုင်နေခြင်း၊ အောင်ပွဲခံနိုင်ခြင်းမှာ ကရင့်လက်နက်ကိုင်အချင်းချင်း ပြဿနာမရှာလို့ ဖြစ်တယ်လို့ အသိပေးပါတယ်။

ဒီသီးသန့်မေးမြန်းခန်း ဒုတိယပိုင်းမှာ အိမ်နီးချင်းတရုတ်နဲ့ ရုရှားတို့ စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ကူညီလာခြင်းက အလုပ်ဖြစ်မလား၊ မြန်မာပြည်သူတွေသာမက ထိုင်းပြည်သူတွေမှာ သတိထားစောင့်ကြည့်ဖို့လိုတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံကိစ္စနဲ့ လက်ရှိနွေဦးတော်လှန်ရေးအရွေ့၊ ပြည်သူလူထုရဲ့ ပါဝင်မှု အခန်းကဏ္ဍ စတာတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများနဲ့ တွေ့ဆုံကာ SCEF စုဖွဲ့မှု အကြောင်း၊ ရှေ့လုပ်ငန်းစဉ် နဲ့ ရည်မှန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။