KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့်မေးမြန်းခန်း (ဒုတိယပိုင်း)
People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ခြင်းမရှိပေမယ့် လက်ရှိအခြေအနေမှာ အာဏာသိမ်းစစ်တပ်နဲ့ စကားပြောဆိုဖို့ အကြောင်းမရှိဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring ကို ပြောပါတယ်။
စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးကနေ ထွက်ခွာရမယ်၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရမယ်၊ စစ်တပ်ကျူးလွန်သမျှအတွက် တာဝန်ခံရမယ် စတဲ့အချက်သုံးချက်ကို လက်ခံကာ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့အခြေအနေမှာသာ စကားပြောဆိုမယ်လို့ သူက ဆိုပါတယ်။

Public Service Announcement
နောက်ပြီး ကရင့်အလံတော်အောက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံး ရောက်ဖို့ တဆင့်ချင်းအကောင်အထည်ဖော်နေပြီး သဘောတူညီချက်တွေလည်း ရရှိနေပြီလို့ ပဒိုစောတောနီးက ရှင်းပြပါတယ်။
မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်နိုင်နေခြင်း၊ အောင်ပွဲခံနိုင်ခြင်းမှာ ကရင့်လက်နက်ကိုင်အချင်းချင်း ပြဿနာမရှာလို့ ဖြစ်တယ်လို့ အသိပေးပါတယ်။
ဒီသီးသန့်မေးမြန်းခန်း ဒုတိယပိုင်းမှာ အိမ်နီးချင်းတရုတ်နဲ့ ရုရှားတို့ စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ကူညီလာခြင်းက အလုပ်ဖြစ်မလား၊ မြန်မာပြည်သူတွေသာမက ထိုင်းပြည်သူတွေမှာ သတိထားစောင့်ကြည့်ဖို့လိုတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံကိစ္စနဲ့ လက်ရှိနွေဦးတော်လှန်ရေးအရွေ့၊ ပြည်သူလူထုရဲ့ ပါဝင်မှု အခန်းကဏ္ဍ စတာတွေကို မေးမြန်းတင်ဆက်ထားပါတယ်။
