Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၇၀ ကျော်ထိရှာတွေ့ထား

ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ ၊ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၇၀ကျော် တွေ့ရှိ ထားပြီးပြီလို့ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးသမားတွေဆီကသိရပါတယ်။

ဇွန် – ၁၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ ၊ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၇၀ကျော် တွေ့ရှိ ထားပြီးပြီလို့ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးသမားတွေဆီကသိရပါတယ်။

ငလျင်ကြီးအပြီး နှစ်လကျော် ကြာမြင့်လာပေမယ့် Sky Vill ကွန်ဒို ရဲ့အပျက်အစီးတွေ အောက်မှာ ရုပ်အလောင်းတွေကို ရှာတွေ့နေဆဲဖြစ်ပါတယ်။

လက်ရှိ ဇွန်လ ၁၀ရက်တာအတွင်းမှာတင် ကွန်ဒိုရဲ့ အဆောက်အဦး A အဆောင်၊ B အဆောင်နဲ့ C အဆောင်တွေကို ရှင်းလင်းရာမှာ ရုပ်အလောင်း ရှစ်လောင်းထိ ရှာတွေ့ခဲ့ကြတယ်လို့ မီးသတ်က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/24024675947129058

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ဒီနေ့ ဇွန်လ ၁၃ရက် မနက် ၁၁နာရီခွဲအထိဆိုရင် Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း စုစုပေါင်း ၁၇၃လောင်းတွေ့ရှိထားပြီးဖြစ်ပါတယ်။

အဲဒီရုပ်အလောင်းတွေမှာ အမျိုးသား ၅၉ဦး၊ အမျိုးသမီး၉၂ဦး၊ ကလေး ၁၃ဦးနဲ့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့ ရုပ်အလောင်း၉ဦး ပါဝင်ပါတယ်။

ရှာဖွေကယ်ဆယ်ရေးသမားတွေကတော့ အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြား ကျန်ရှိနေဦးမယ်လို့ ယုံကြည်ထားပြီး ဆက်လက်ရှာဖွေနေကြတာပါ။ ဇွန်လ ၁၂ရက်နဲ့ ၁၃ရက် နှစ်ရက်တာအတွင်းမှာတင် ရုပ်အလောင်း ၈လောင်း ထပ် တွေ့ရှိခဲ့ပါတယ်။

ဒါအပြင် အဆောက်အအုံရဲ့ မြေအောက်ထပ် ကားပါကင်မှာ ပျက်စီးကြေမွသွားတဲ့ ကားအစီးရေအများအပြားကိုလည်း တွေ့ရှိတယ်လို့သိရပါတယ​်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။

ငလျင်အပြီး ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ​ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။

မန္တလေးမြို့ လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။

ရုပ်သံ – မီးသတ်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။