Connect with us

Hi, what are you looking for?

သတင်း

ရှမ်းနီတပ်ဖွဲ့ဝင်တစ်ဦး PDFထံလက်နက်နှင့်အတူ အလင်းဝင်

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

အလင်းဝင်လာ​​သောရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို လက်ခံကြိုဆိုပြီး ၊ဂုဏ်ပြုစဥ်။ဓါတ်ပုံ-ကသာPDF

ဇွန်-၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

SNAတပ်မဟာ(၆၁၄)မှရဲဘော်တစ်ဦးသည်M23 သေနတ်တစ်လက်နှင့်ခဲယမ်းများယူဆောင်ကာ အလင်းဝင်လာခြင်းဟု ကသာခရိုင်အမှတ်(၄)တပ်ရင်းက ယနေ့(ဇွန်လ၁၅ရက်)၌ သတင်းထုတ်ပြန်ထားသည်။

၎င်းအား ကသာခရိုင်တပ်ရင်း(၄)နှင့်ဗန်းမောက်မြို့နယ်ဌာနဆိုင်ရာများ၊ပြည်သူများက ငွေကျပ်သိန်း ၁၅၀ ကို ဂုဏ်ပြုဆုချီးမြင့်ခဲ့သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့်ပူးပေါင်း‌နေသည့်SNAသည် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေ၍ ရှမ်းနီတိုင်းရင်းသားများကိုယ်တိုင်က ပြန်လည်ဝေဖန်နေကြသည်။ SNA တပ်မဟာ(၆၁၄)သည် ပင်လည်ဘူး၊ အင်းတော်မြို့နယ်အတွင်းတိုက်ပွဲများတွင်လည်းစစ်တပ်နှင့် ၂ပူးပေါင်းခဲ့ပြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အများအပြားဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။