ဇွန်-၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring
စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။
SNAတပ်မဟာ(၆၁၄)မှရဲဘော်တစ်ဦးသည်M23 သေနတ်တစ်လက်နှင့်ခဲယမ်းများယူဆောင်ကာ အလင်းဝင်လာခြင်းဟု ကသာခရိုင်အမှတ်(၄)တပ်ရင်းက ယနေ့(ဇွန်လ၁၅ရက်)၌ သတင်းထုတ်ပြန်ထားသည်။
၎င်းအား ကသာခရိုင်တပ်ရင်း(၄)နှင့်ဗန်းမောက်မြို့နယ်ဌာနဆိုင်ရာများ၊ပြည်သူများက ငွေကျပ်သိန်း ၁၅၀ ကို ဂုဏ်ပြုဆုချီးမြင့်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
စစ်ကောင်စီနှင့်ပူးပေါင်းနေသည့်SNAသည် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေ၍ ရှမ်းနီတိုင်းရင်းသားများကိုယ်တိုင်က ပြန်လည်ဝေဖန်နေကြသည်။ SNA တပ်မဟာ(၆၁၄)သည် ပင်လည်ဘူး၊ အင်းတော်မြို့နယ်အတွင်းတိုက်ပွဲများတွင်လည်းစစ်တပ်နှင့် ၂ပူးပေါင်းခဲ့ပြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အများအပြားဖမ်းမိခဲ့သည်။
