Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးဟာ အောင်ပွဲလမ်းကြောင်းပေါ် ရောက်နေပြီလို့ နေတန်ညာဟုပြော

အစ္စရေးဟာ အောင်ပွဲခံမယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

AP

အစ္စရေးဟာ အောင်ပွဲခံမယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

အီရန်နှင့် နှစ်နိုင်ငံ အပြိုင်အဆိုင် လေကြောင်းကနေ တိုက်ခိုက်နေတဲ့ အချိန်၊ ဇွန်လ ၁၆ ရက်နေ့မှာ နေတန်ညာဟုဟာ အစ္စရေး လေတပ်စခန်း တစ်ခုကို သွားရောက်ရင်း အခုလို ကြွေးကြော်ခဲ့တာပါ။

နေတန်ညာဟုက အစောပိုင်းမှာ အစ္စရေး စစ်တပ်က ကြွေးကြော်ထားတဲ့ စကားတစ်ခွန်းဖြစ်တဲ့ အီရန်ရဲ့မြို့တော် တဟီရန်ရဲ့ လေပိုင်နက်ကို အစ္စရေးက ကြီးစိုးထားပြီ ဆိုတာကိုလည်း နောက်တစ်ကြိမ် ထပ်ပြောသွားခဲ့ပါတယ်။

အီရန်နဲ့ ပတ်သက်လို့ အစ္စရေးမှာ စစ်ရေး ရည်မှန်းချက် နှစ်ခုရှိကြောင်း၊ အဲဒါတွေက နျူကလီးယား ခြိမ်းခြောက်မှုကို ရှင်းလင်းဖို့နဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို ရှင်းလင်းဖို့ ဖြစ်ကြောင်း၊ အဲဒီ စစ်ရေး ရည်မှန်းချက် နှစ်ခုလုံး အောင်မြင်မယ့် လမ်းကြောင်းပေါ်မှာ အစ္စရေးက ရောက်ရှိနေပြီဖြစ်ကြောင်း နေတန်ညာဟုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူက အီရန်နဲ့ အစ္စရေးတို့ကြား အပြန်အလှန် တိုက်ခိုက်နေပေမယ့် စံတန်ဖိုးချင်း မတူဘူးလို့လည်း ပြောပါတယ်။ အီရန်ဟာ အစ္စရေးရဲ့ အရပ်သားတွေကို တိုက်ခိုက်နေပြီး အစ္စရေးကတော့ တိကျတဲ့ ပစ်မှတ်တွေကို ချေမှုန်းနေတာလို့ သူက နှိုင်းယှဉ်ပြခဲ့ပါတယ်။

နောက်ပြီး အစ္စရေးဟာ တိုက်ခိုက်မှုတွေ မတိုင်ခင် ကတည်းက တဟီရန်မှာ ရှိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ကြိုတင် သတိပေးထားခဲ့ကြောင်းလည်း နေတန်ညာဟုက ပြောကြားသွားပါတယ်။

တစ်ဖက်မှာတော့ အစ္စရေးက ပစ်မှတ်တွေကို တိတိကျကျ တိုက်ခိုက်နေတယ်ဆိုရင် အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် အီရန်မှာ အရပ်သား သေဆုံးမှုတွေ ဘာကြောင့် များနေသလဲလို့ အီရန်ဖက်က မေးခွန်းထုတ်ပြီး နေတန်ညာဟုကို လှောင်ပြောင်ခဲ့ပါတယ်။ အစ္စရေး-အီရန် စစ်ရေးပဋိပက္ခ ၄ ရက်တာ ကြာမြင့်လာတဲ့ အတောအတွင်း အီရန်မှာ အနည်းဆုံး လူ ၂၂၄ ဦးလောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာတော့ အစ္စရေးဟာ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်ရဲ့ အထူး တိုက်ခိုက်ရေးယူနစ် Quds တပ်ဖွဲ့ရဲ့ ဌာနချုပ်ကိုပါ ဗုံးကြဲခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ Qudsဟာ အရှေ့အလယ်ပိုင်း ဒေသအနှံ့က အီရန် လက်ဝေခံ လက်နက်ကိုင် အင်အားစုတွေကို အသုံးချပြီး အစ္စရေးအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကြိုးကိုင်နေခဲ့တယ်လို့ အစ္စရေးက စွပ်စွဲပါတယ်။

အစ္စရေးဟာ အီရန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ စတင်တဲ့ နေ့ကတည်းက တော်လှန်ရေး အစောင့်တပ်ရဲ့ အကြီးအကဲဖြစ်သူ ဟိုစိန်ဆာလာမီကို လုပ်ကြံခဲ့ပြီး ဖြစ်ပါတယ်။ လောလောဆယ်တော့ သူ့ရဲ့ နေရာမှာ အီရန် စစ်ဗိုလ်ချုပ် အာမက် ဗာဟီဒီက အစားထိုး တာဝန်ယူထားကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ရေနံတင် သင်္ဘော ၅ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ပိုပြီးမြန်မြန်၊ ပိုပြီးပြင်းပြင်းထန်ထန်နဲ့ နာနာကျင်ကျင် ထိုးနှက်သွားမယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

Facebook