Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ လူမှုကွန်ရက်တွေဟာ ပင်မ သတင်းရင်းမြစ်တွေ ဖြစ်လာနေ

လူမှုကွန်ရက်တွေနဲ့ ဗီဒီယို မျှဝေမှု ကွန်ရက်တွေဟာ အမေရိကန်မှာ သတင်းတွေရဲ့ ပင်မရင်းမြစ်တွေအဖြစ် စတင် နေရာယူလာကြောင်း သိရပါတယ်။

YouTube

လူမှုကွန်ရက်တွေနဲ့ ဗီဒီယို မျှဝေမှု ကွန်ရက်တွေဟာ အမေရိကန်မှာ သတင်းတွေရဲ့ ပင်မရင်းမြစ်တွေအဖြစ် စတင် နေရာယူလာကြောင်း သိရပါတယ်။

သုတေသန စစ်တမ်းတစ်ခုရဲ့ ရလဒ်က သမားရိုးကျ သတင်းဌာနတွေ၊ ရုပ်မြင်သံကြားနဲ့ သတင်း appတွေထက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို သိရှိသူတွေ ပိုများပြားလာနေကြောင်း ညွှန်ပြနေခဲ့ပါတယ်။

Reuters သတင်းဌာနက အမေရိကန်မှာ သတင်းတွေကို ဘယ်လို channelတွေကနေ သိရှိနေကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ စစ်တမ်း ကောက်ယူခဲ့တာဖြစ်ပြီး ၅၄ ရာခိုင်နှုန်းက Facebook၊ Xနဲ့ YouTubeတို့လို လူမှုကွန်ရက်တွေကို ထည့်သွင်း ရွေးချယ်ပေးထားပါတယ်။ ရုပ်မြင်သံကြားကနေ သတင်းအချက်အလက်တွေ သိရှိရပါတယ်လို့ ဖြေကြားသူက ၅၀ ရာခိုင်နှုန်းရှိပြီး သတင်းဝက်ဘ်ဆိုက်တွေနဲ့ appတွေကနေ သတင်းတွေကို ဖတ်ရှုကြောင်းကိုတော့ ဖြေဆိုသူတွေရဲ့ ၄၈ ရာခိုင်နှုန်းက ရွေးချယ်ပေးထားပါတယ်။

ဒီနေရာမှာ စစ်တမ်းဖြေကြားသူတွေဟာ သတင်းတွေ ဘယ်လို ရရှိကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ တစ်ခုထက် မကတဲ့ ရင်းမြစ်တွေကို ရွေးချယ်ပေးထားကြတာပါ။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်တွေ၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့ ကိုက်ညီအောင် စီစဉ်ပေးထားတဲ့ သတင်းဖြန့်ဝေရေး ဝန်ဆောင်မှုတွေဟာ အမေရိကန်မှာ လျင်လျင်မြန်မြန် ပျံ့နှံ့ ကြီးထွားလာနေကြောင်း၊ အဲဒီ သက်ရောက်မှုဟာ တခြားနိုင်ငံတွေထက် ပိုပြီး သက်ရောက်မှု ကြီးမား မြင်သာကြောင်း စစ်တမ်းက မှတ်ချက် ပေးထားပါတယ်။

လူမှုကွန်ရက်တွေနဲ့ ဗီဒီယို ဝေမျှမှု ကွန်ရက်တွေက သတင်းမီဒီယာ ကဏ္ဍမှာ နေရာယူမှု ကြီးထွားလာနေတာဟာ သမားရိုးကျ သတင်းဌာနတွေအတွက် နောက်ထပ် ကြီးမားတဲ့ စိန်ခေါ်မှုအသစ် တစ်ခုလည်း ဖြစ်လာနေတယ် ဆိုတာကိုလည်း မြင်သာစေပါတယ်။

တခြားတစ်ဖက်မှာတော့ လူမှုကွန်ရက်တွေ အားကောင်းလာခြင်းက သတင်းတွေရဲ့ စစ်မှန် ခိုင်မာမှုအတွက် ကြီးမားတဲ့ အန္တရာယ်လည်း ဖြစ်နေပြန်ပါတယ်။

လေ့လာမှုတွေအရ တစ်ကမ္ဘာလုံး အတိုင်းအတာအရ သတင်းတု၊ သတင်းမှား ပျံ့နှံ့မှုတွေရဲ့ ၄၇ ရာခိုင်နှုန်းသော ရင်းမြစ်ဟာ လူမှုကွန်ရက်ပေါ်မှာ လူသိများတဲ့ influencerတွေဆီက ဖြစ်တယ်လို့ သိရှိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။