Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်က သစ်တောဝန်းကို စစ်တပ်ဗုံးကြဲ ပြည်သူတဦးဒဏ်ရာရ၊ အိမ် ၂ လုံးပျက်စီး

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာ ၊သစ်တောရုံးဝင်းကို စစ်​ကောင်စီက ဇွန် ၂၀ ရက်မှာလေကြောင်းက​နေဗုံးကြဲတာ​ကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦးနှစ်လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက​ပြောပါတယ်။

စစ်တပ်က ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်​။ဓါတ်ပုံ-ပြင်ဦးလွင်ပကဖ

ဇွန်-၂၁၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာ ၊သစ်တောရုံးဝင်းကို စစ်​ကောင်စီက ဇွန် ၂၀ ရက်မှာလေကြောင်းက​နေဗုံးကြဲတာ​ကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦးနှစ်လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက​ပြောပါတယ်။

ဇွန်လ၂၀ ရက်နေ့၊ညနေ ၅နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့ တံတားဦး လေတပ်က ဂျက်ဖိုက်တာတစ်စီး က လက်ပန်လှရွာသစ်တောရုံးအတွင်းကိုလေကြောင်းက​နေဗုံးကြဲခဲ့တာလို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာပြည်သူတဦးခြေထောက်ထိမှန်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ၂လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီက အရပ်သားပြည်သူကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာပါပဲ။ဒီဝန်းထဲမှာလည်း ဘယ်PDFမှ တပ်စွဲနေထိုင်တာမရှိပါဘူး”လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင်တော်လှန်ရေးတပ်တွေထိန်းချုပ်‌‌နယ်မြေက ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးကြဖို့နဲ့ လေကြောင်းရန်သတိကြဖို့လည်းတိုက်တွန်းထားပါတယ်။

စစ်ကောင်စီက မတ္တရာ၊ စဉ့်ကူး နဲ့ သပိတ်ကျင်းမြို့နယ်​တွေကို လေကြောင်းက​နေဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ် ။မတ္တရာမြို့နယ်အရှေ့ခြမ်းကိုလည်း ဇွန်လ၁၈ ရက် တရက်တည်းမှာ ဗုံးအလုံးရေ ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မတ္တရာမြို့နယ် အ​ရှေ့ခြမ်းမှာစစ်တပ်ကစစ်​ကြောင်းထိုးဖို့ ကြိုးစား​နေတာ​ကြောင့် မန္တ​လေးPDF အပါအဝင် ​တော်လှန်​ရေးတပ်​တွေနဲ့တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်ပွား​နေပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook