Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်က သစ်တောဝန်းကို စစ်တပ်ဗုံးကြဲ ပြည်သူတဦးဒဏ်ရာရ၊ အိမ် ၂ လုံးပျက်စီး

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာ ၊သစ်တောရုံးဝင်းကို စစ်​ကောင်စီက ဇွန် ၂၀ ရက်မှာလေကြောင်းက​နေဗုံးကြဲတာ​ကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦးနှစ်လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက​ပြောပါတယ်။

စစ်တပ်က ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်​။ဓါတ်ပုံ-ပြင်ဦးလွင်ပကဖ

ဇွန်-၂၁၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာ ၊သစ်တောရုံးဝင်းကို စစ်​ကောင်စီက ဇွန် ၂၀ ရက်မှာလေကြောင်းက​နေဗုံးကြဲတာ​ကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦးနှစ်လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက​ပြောပါတယ်။

ဇွန်လ၂၀ ရက်နေ့၊ညနေ ၅နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့ တံတားဦး လေတပ်က ဂျက်ဖိုက်တာတစ်စီး က လက်ပန်လှရွာသစ်တောရုံးအတွင်းကိုလေကြောင်းက​နေဗုံးကြဲခဲ့တာလို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာပြည်သူတဦးခြေထောက်ထိမှန်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ၂လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီက အရပ်သားပြည်သူကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာပါပဲ။ဒီဝန်းထဲမှာလည်း ဘယ်PDFမှ တပ်စွဲနေထိုင်တာမရှိပါဘူး”လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင်တော်လှန်ရေးတပ်တွေထိန်းချုပ်‌‌နယ်မြေက ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးကြဖို့နဲ့ လေကြောင်းရန်သတိကြဖို့လည်းတိုက်တွန်းထားပါတယ်။

စစ်ကောင်စီက မတ္တရာ၊ စဉ့်ကူး နဲ့ သပိတ်ကျင်းမြို့နယ်​တွေကို လေကြောင်းက​နေဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ် ။မတ္တရာမြို့နယ်အရှေ့ခြမ်းကိုလည်း ဇွန်လ၁၈ ရက် တရက်တည်းမှာ ဗုံးအလုံးရေ ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မတ္တရာမြို့နယ် အ​ရှေ့ခြမ်းမှာစစ်တပ်ကစစ်​ကြောင်းထိုးဖို့ ကြိုးစား​နေတာ​ကြောင့် မန္တ​လေးPDF အပါအဝင် ​တော်လှန်​ရေးတပ်​တွေနဲ့တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်ပွား​နေပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမြို့မှ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုသည် လက်နက်ကြီးဖြင့် လေကြောင်းပစ်ကူယူပြီး စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်ကြား ရောက်ရှိနေသည်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ နေအိမ်‌၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အစပ် ယက္ကန်းစင်တောင်ကျေးရွာအနီးရှိ မေတ္တာ နန္ဒ ဆေးရုံ (ယက်ကန်းစင် )ဆေးရုံကို မနေ့ ညနက်ပိုင်းက ဗုံးကြဲခံရပြီး မီးနေသည် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က. ဖ) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းကို စစ်တပ်က ဒီက​နေ့နံနက်မှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

Facebook