Connect with us

Hi, what are you looking for?

News

မိတ္ထီလာမှာ ဆိုင်ကယ်ကို အမျိုးသား ၂ ဦးအတူတကွမစီးရဘူးလို့စစ်ကောင်စီကန့်သတ်

အမျိုးသားနဲ့ အမျိုးသမီး တွဲစီးလို့ရသလို ၊အမျိုးသမီး ၂ ဦး စီးရင်လည်းခွင့်ပြုတဲ့အကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံသတိပေးတာလို့ ဒေသခံတွေက ဆိုပါတယ်။

People's Spring
People's Spring

မိတ္ထီလာခရိုင်မှာ ဆိုင်ကယ်စီးတဲ့အခါ ဆိုင်ကယ် ၁ စီးကို အမျိုးသား ၂ ဦး အတူတကွလိုက်ပါစီးနင်းတာမျိုးမလုပ်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံသတိပေးနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး တွဲစီးလို့ရသလို ၊အမျိုးသမီး ၂ ဦး စီးရင်လည်းခွင့်ပြုတဲ့အကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံသတိပေးတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီသတိပေးချက်ဟာ မိတ္ထီလာ၊ သာစည် ၊ဝမ်းတွင်း နဲ့ မလှိုင်မြို့နယ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မှာတော့ သတိပေးတာပြုလုပ်နေပြီး နိုဝင်ဘာလ၁၆ရက်နေ့ကစတင်ပြီး အရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဗုံးပေါက်ကွဲမှူဖြစ်ပွားခဲ့ပြီး တပ်မတော်ထောက်ခံပွဲပြုလုပ်တဲ့နေ့ကလည်း ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။