Connect with us

Hi, what are you looking for?

သတင်း

ထိကပလယ်စခန်းမှထွက်ပြေး စစ်သားများတိုက်ခိုက်ခံရပြီး အထိနာ ၊ လက်နက်မျိုးစုံ ၁၆ လက်ထက်မနည်းပူးပေါင်းတပ်သိမ်းဆည်းရရှိ

မြန်မာ-ထိုင်းနယ်စပ်ရှိ ထိကပလယ် တပ်စခန်းမှ ထွက်ပြေးသည့် စစ်သားများကို KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ဟုကရင်သတင်းရင်းမြစ်တဦးက ပြောသည်။

ထိကပလယ်မှထွက်​ပြေးစစ်သားများထံမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် KNLA ဦး​ဆောင်သည့် ပူး​ပေါင်းတပ်။ဓါတ်ပုံ-​​ပေးပို့

ဇွန်-၂၄၊၂၀၂၅။ထားမြတ်/People’s Spring

မြန်မာ-ထိုင်းနယ်စပ်ရှိ ထိကပလယ် တပ်စခန်းမှ ထွက်ပြေးသည့် စစ်သားများကို KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ဟုကရင်သတင်းရင်းမြစ်တဦးက ပြောသည်။

ထိကပလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပါဝင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၂၂ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“KNDO တပ်ရင်း(၈)နဲ့ KNLA လိုက်ရှင်းတာပေါ့။ဒီနေ့တော့ ထီးကပလယ် ရန်သူထွက်ပြေး တချို့ လမ်းတဝက်မှာ ၂နာရီကျော် စစ်ဖြစ်နေတယ်” ဟု ကရင်သတင်းရင်းမြစ်ကဇွန်လ ၂၄ရက် နေ့လည်တွင် ပြောပြသည်။

Public Service Announcement

Public Service Announcement

စစ်သားများသေဆုံးထိခိုက်မှုများရှိပြီး အထိနာခဲ့ကာ လက်နက်ခဲယမ်းများရရှိခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။ထွက်​ပြေးစစ်သားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၆လက်ထက်မနည်း တော်လှန်ရေးပူးပေါင်းတပ်က သိမ်းဆည်းနိုင်ခဲ့သည်ကို People’s Spring ရရှိသည့်သတင်းဓါတ်ပုံတွင်​တွေ့ရသည်။

ထိကပလယ် တပ်စခန်းသည် ယခင်က KNU ဗဟိုဌာနချုပ် အဖြစ် ၂နှစ်ကြာ အသုံးပြုခဲ့သည့် နေရာဖြစ်ပြီး ၁၉၉၇တွင် စစ်တပ်က ထိုးစစ်ဆင်သိမ်းပိုက်သွားခဲ့ရာ ၂၈နှစ်အကြာတွင် KNUက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိကလပယ် စခန်းအပါအဝင် KNU တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီ၏ နယ်စပ်တပ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်က ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ မေလ ၂၃ရက်နောက်ပိုင်း ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်း တို့ကိုဆက်တိုက် သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်တွင် ဥကရစ်ထစခန်း၊ဝေါ်လေဗျူဟာ နှင့် တိသဲလယ် ကာကင်းစခန်း သုံးခုသာ ကျန်ရှိတော့ပြီး ယင်းစခန်းများကို သိမ်းပိုက်နိုင်ရေး ဆက်လက်လုပ်ဆောင်မည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

Facebook