Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ ကျောက်မဲမြို့ကိုဗုံးထပ်ကြဲ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ကျောက်မဲမြို့ကို စစ်​ကောင်စီက ယနေ့ မွန်းလွဲ ၂နာရီခွဲခန့်တွင်လေကြောင်းမှဗုံးထပ်ကြဲသွားသည်။

စစ်​ကောင်စီက ဇွန် ၂၄ ရက်​နေ့တွင် ​ကျောက်မဲမြို့ကို ဗုံးကြဲပြီး​နောက်​ အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-TNLA

ဇွန်-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ် မြောက်ပိုင်း၊ကျောက်မဲမြို့ကို စစ်​ကောင်စီက ယနေ့ မွန်းလွဲ ၂နာရီခွဲခန့်တွင်လေကြောင်းမှဗုံးထပ်ကြဲသွားသည်။

“Y-12 က ပတ်ပျံနေလို့ ဗုံးကျင်းထဲဝင်ချိန် ကြဲချသွားတာ။ မြို့ထဲလား မြို့ပြင်လား သဲသဲကွဲကွဲမသိရသေးဘူး။ ပေါက်ကွဲသံကတော့ မြို့ပေါ်ကနေကျယ်ကျယ်ကြီးကြားရတယ်”ဟုဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည်ကျောက်မဲမြို့ကို ဇွန်လ ၂၄ရက်နှင့် ၂၇ရက်က လေကြောင်းမှ ဗုံးကြဲခဲ့၍ က​လေးငယ်များအပါအဝင် ​ဒေသခံများ ​သေဆုံးဒဏ်ရာရခဲ့ပြီး ဇွန် ၂၉ ရက်တွင် ထပ်မံဗုံးကြဲခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၄ရက် ညနေက ကျောက်မဲမြို့၊ ရပ်ကွက် (၃)နှင့် ရပ်ကွက်(၇)ကို ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ ဗုံးနှစ်လုံး ကြဲချရာ အရပ်သား လေးဦးသေဆုံးပြီး၁၄ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။ ဇွန်လ၂၇ရက်က ဗုံးကြဲမှု၌ အရပ်သားတစ်ဦး သေဆုံးခဲ့သည်။ ယနေ့ ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်၌ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်သည်။

“မြို့ကခြောက်ကပ်ပြီး တိတ်ဆိတ်နေတယ်။ ဘာတွေဆက်ဖြစ်လာမလဲမသိနိုင်တော့ဘူး”ဟု မြို့ခံတစ်ဦးကပြောသည်။

ဇွန်လနှောင်းပိုင်းကာလ၌ကျောက်မဲအပြင် TNLA ထိန်းချုပ်ဒေသ မိုးကုတ်၊ နမ္မတူမြို့တို့ကိုလည်း စစ်ကောင်စီက ဗုံးကြဲနေပြီး နောင်ချိုမြို့တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook