Connect with us

Hi, what are you looking for?

သတင်း

အရှေ့တီမောရဲ့ အာဆီယံ အဖွဲ့ဝင်ဖြစ်ခွင့်ကို စစ်ကောင်စီ ကန့်ကွက်

အရှေ့တီမောနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် ဖြစ်ခွင့်အတွက် မထောက်ခံကြောင်း အာဏာသိမ်း မြန်မာစစ်ကောင်စီက အသိပေး ပြောကြားလိုက်ပါတယ်။

Reuters

အရှေ့တီမောနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် ဖြစ်ခွင့်အတွက် မထောက်ခံကြောင်း အာဏာသိမ်း မြန်မာစစ်ကောင်စီက အသိပေး ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလမှာ အရှေ့တီမောက အာဆီယံရဲ့ ၁၁ ခုမြောက် အဖွဲ့ဝင်သစ် ဖြစ်လာရေး အဆိုပြုထားတာနဲ့ ပတ်သက်ပြီး ထောက်ခံမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဆီ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။

အာဆီယံ စာတမ်းပါ အရေးအကြီးဆုံး အချက်တစ်ခုဖြစ်တဲ့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်သင့်ကြောင်း ဖော်ပြချက်ကို အရှေ့တီမောက လိုက်နာမှု မရှိဘူးလို့ ယုံကြည်တာကြောင့် ကန့်ကွက်ခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။

နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ စစ်ကောင်စီဟာ အရှေ့တီမော အစိုးရ အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)လို တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ရပ်တန့်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့တီမောရဲ့ အာဆီယံ အဖွဲ့ဝင် ဖြစ်ခွင့်ကို ကန့်ကွက်ကြောင်း မလေးရှားဆီ အသိပေး အကြောင်းကြားတဲ့ စာမှာတော့ အရှေ့တီမောဟာ မြန်မာ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်စွက်ဖက်ရင်း အာဆီယံရဲ့ အခြေခံမူကို ချိုးဖောက်နေကြောင်း၊ ဒါကြောင့် အရှေ့တီမောရဲ့ အာဆီယံ အဖွဲ့ဝင် ဖြစ်ခွင့်ကို အတိအလင်း ကန့်ကွက်ရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မေလတုန်းက အာဆီယံ ထိပ်သီး ညီလာခံ တစ်ခုမှာ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေက အောက်တိုဘာ လကုန်ပိုင်းလောက်ကျရင် အရှေ့တီမောဟာ အဖွဲ့ဝင်သစ် ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။ အခုတော့ စစ်ကောင်စီက အာဆီယံ ဥက္ကဋ္ဌရော၊ ဆက်စပ် အစုအဖွဲ့ အားလုံးပါ မြန်မာနဲ့ ပတ်သက်လို့ အရှေ့တီမောရဲ့ မူဝါဒတွေကို ပြန်မသုံးသပ်မချင်း အရှေ့တီမောကို အဖွဲ့ဝင်ဖြစ်ခွင့် စဉ်းစားနေတာတွေအားလုံး ဆိုင်းငံ့ထားဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အရှေ့တီမောဟာ အာဆီယံဝင်ခွင့်အတွက် ကာလရှည်ကြာ အားထုတ် ကြိုးစားခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ NUGနဲ့ ထိတွေ့ ဆက်ဆံမှုအတွက် အရှေ့တီမောကို စစ်ကောင်စီက သိသိသာသာ အငြှိုးထားနေပေမယ့် တစ်ဖက်မှာတော့ အာဆီယံ ဥက္ကဋ္ဌ မလေးရှားရဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ကိုယ်တိုင်ကလည်း မေလတုန်းက NUG ခေါင်းဆောင်တွေနဲ့ ဗီဒီယိုcallခေါ်ပြီး စည်းဝေး တွေ့ဆုံခဲ့ပါသေးတယ်။ ဒါဟာ NUGနဲ့ အာဆီယံကြားက ပထမဆုံး လူသိရှင်ကြား ဆွေးနွေးမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဇူလိုင် ၉ ရက်ကနေ ၁၁ ရက်နေ့ထိ ကျင်းပမယ့် အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေးမှာတော့ အာဆီယံ ဥက္ကဋ္ဌ မလေးရှား အနေနဲ့ အရှေ့တီမောရဲ့ အဖွဲ့ဝင် ဖြစ်ခွင့်အတွက် စစ်ကောင်စီကို စည်းရုံးဖို့ အားထုတ်ရဖွယ် ရှိနေကြောင်း နီးစပ်သူတွေက ပြောကြားထားပါတယ်။

ကိုးကား: PBS

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook