Connect with us

Hi, what are you looking for?

News

လှိုင်မြို့နယ်တွင် အရပ်သား ၃၀ ဦးခန့်ကို စစ်ကောင်စီအဖွဲ့က ရိုက်နှက်ဖမ်းဆီး

ဖမ်းဆီးခံရသူများမှာ လှိုင် (၇)ရပ်ကွက် သံလမ်း ကျောင်းကုန်း(၁)လမ်း၊ (၂)လမ်းနှင့်(၃)လမ်းအပါအဝင် အောင်ဓမ္မရိပ်သာလမ်း စသည့်တို့မှ အရပ်သားပြည်သူများဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

(လှိုင် (၇)ရပ်ကွက် သံလမ်းအတွင်း စစ်ကောင်စီလက်ကိုင်တုပ်များ ဧည့်စာရင်းဝင်စစ်စဉ်)

‐ဖမ်းဆီးခံရသူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါဝင်

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ ၁၄)တစ်ညတည်း အရပ်သား ၃၀ ဦးခန့်ကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ လှိုင် (၇)ရပ်ကွက် သံလမ်း ကျောင်းကုန်း(၁)လမ်း၊ (၂)လမ်းနှင့်(၃)လမ်းအပါအဝင် အောင်ဓမ္မရိပ်သာလမ်း စသည့်တို့မှ အရပ်သားပြည်သူများဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ကျွန်မတို့ကျောင်းကုန်း (၃)လမ်းထဲကကုန်စိမ်းသည်အန်တီတို့အိမ် တစ်အိမ်လုံး။ ကလေးနဲ့ ဗိုက်ကြီးသည်အစ်မပါမချန် တစ်မိသားစုလုံးဖမ်းသွားတယ်ရှင့်။ လမ်းမှာလည်း ရိုက်နှက်သွားတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကုန်စိမ်းရောင်သည့်မိသားစုတွင် မိသားစုဝင် ခုနစ်ဦးခန့်ရှိပြီး လမ်းအတွင်းအနေအေးသည့်မိသားစုတစ်စုဖြစ်ကာ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ဖမ်းဆီးသွားသည်ကို မသိရှိကြောင်း အထက်ပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။

အလားတူ လှိုင်မြို့နယ် (၇)ရပ်ကွက် သံလမ်းရှိ လူငယ်လေးဦးမှာလည်း လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံရခြင်းဖြစ်သည့်အပြင် ဖမ်းမိထားချိန်၌ ဒို့အရေး ဒို့အရေးလုပ်ဦးလေဟုဆိုကာ ရိုက်နှက်သံများကြားနေရကြောင်း အခင်းဖြစ်ရပ်အနီးနေထိုင်သူတစ်ဦးက ပြောသည်။

“ရိုက်နှက်ဖမ်းသွားတာ။ ကားစက်နှိုးပြီး ရိုက်ခံရတဲ့သူတွေ အော်သံပျောက်အောင်လုပ်ထားတယ်”ဟု ၎င်းက ဆိုသည်။

မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်၊ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည် စသည့် နောက်ဆက်တွဲအခြေအနေများကိုမူ ယနေ့(နိုဝင်ဘာ ၁၅)နေ့လယ်ပိုင်းအချိန်ထိ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook