Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထုတ်ပယ်ခံရတဲ့ ရုရှားဝန်ကြီး နာရီပိုင်းအကြာမှာ သေကြောင်းကြံစည်သွား

ရုရှားမှာ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ ဝန်ကြီးတစ်ဦးဟာ နာရီပိုင်း အကြာမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

ရုရှားမှာ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ ဝန်ကြီးတစ်ဦးဟာ နာရီပိုင်း အကြာမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

ရုရှားမှာ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ ဝန်ကြီးတစ်ဦးဟာ နာရီပိုင်း အကြာမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

ဇူလိုင် ၇ ရက်နေ့ မနက်ပိုင်းက ပို့ဆောင်ရေး ဝန်ကြီး ရိုမန် စတာရိုဗွိုက်ဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ညပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ် အဆုံးစီရင်ထားတဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်က စတာရိုဗွိုက်ကို ရုတ်တရက် ထုတ်ပယ်ပြီး ဒုတိယဝန်ကြီး အန်ဒရီ နစ်ကီတင်နဲ့ အစားထိုးလိုက်တဲ့ သတင်းကို ဇူလိုင် ၇ ရက်နေ့မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိခဲ့ပါဘူး။

စတာရိုဗွိုက် သေဆုံးတဲ့သတင်း ထွက်မလာခင် နာရီပိုင်း အလိုမှာတော့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်က ကာ့စ်ခ်ဒေသထဲက ကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတပူတင်က စတာရိုဗွိုက်ကို အယုံအကြည် မရှိတော့ဘူးလို့ ပြောသွားခဲ့ပါတယ်။ စတာရိုဗွိုက်ဟာ မနှစ်တုန်းက ပို့ဆောင်ရေး ဝန်ကြီး ဖြစ်မလာခင် ယူကရိန်းနဲ့ နယ်စပ်က ကာ့စ်ခ်ဒေသမှာ ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၉ နှစ် တာဝန်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ နေရာကို အစားထိုး တာဝန်ယူခဲ့တဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး အသစ်ဟာ လုံခြုံရေး ရန်ပုံငွေတွေကို အလွဲသုံးစား လုပ်မှုအတွက် အဖမ်းခံထားရပြီး စတာရိုဗွိုက် ကိုယ်တိုင်လည်း အဲဒီအမှုနဲ့ ဆက်စပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရုရှားရဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီက စတာရိုဗွိုက်ရဲ့ အလောင်းကို မော်စကိုမြို့ ဆင်ခြေဖုံးမှာရှိတဲ့ အိုဒင့်ဆိုဗိုက ကားတစ်စီးထဲမှာ ရှာတွေ့ခဲ့တယ်လို့ ပြောပါတယ်။ အလောင်းမှာ သေနတ်ဒဏ်ရာ ရှိနေပြီး သေမှုသေခင်းကို ဆက်လက် စုံစမ်းနေကြောင်း၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဟာ အဓိက ဖြစ်နိုင်ခြေလို့ ယူဆထားကြောင်း ကော်မတီက ဆိုပါတယ်။

တိုက်တိုင်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ခံ ရထားပို့ဆောင်ရေး ဌာနခွဲ အရာရှိ အန်ဒရီ ကော်နီချုခ်ကလည်း အလုပ်ခွင်မှာ ရုတ်တရက် နှလုံးဖောက်ပြီး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ သေဆုံးမှု နှစ်ခုကြား ဆက်စပ်မှု မရှိဘူးလို့ စုံစမ်းရေး အရာရှိတွေက အတည်ပြုထားပါတယ်။

ကာ့စ်ခ်ဒေသဟာ ပြီးခဲ့တဲ့နှစ်က ယူကရိန်းတပ်တွေ အလစ်အငိုက် စီးနင်းဝင်ရောက် တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ နေရာပါ။ အဲဒီဖြစ်ရပ်မှာ အာဏာပိုင်တွေက အသုံးစရိတ်တွေကို အလွဲသုံးစား လုပ်ထားပြီး နယ်စပ်မှာ ထိရောက်တဲ့ ကာကွယ်ရေး အစီအမံတွေ ကင်းမဲ့နေတာကလည်း အဓိက အကြောင်းရင်း တစ်ခုအဖြစ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ စတာရိုဗွိုက်ရဲ့ လက်ထောက် ဖြစ်ခဲ့ပြီး ကာ့စ်ခ်ဒေသရဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး တာဝန်ကို ဆက်ခံခဲ့သူ အလက်ဆီ စမာနော့ဗ်ကတော့ အခုနှစ် ဧပြီလထဲမှာ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။