Connect with us

Hi, what are you looking for?

News

နောင်ကြီးအိုင်ရဲစခန်းအဝင်တွင် စစ်​ကောင်စီတပ်မိုင်းဆွဲခံရ ခုနှစ်ဦးခန့်​သေဆုံးဒဏ်ရာရနိုင်ဟု ARA ​ပြော

နိုဝင်ဘာ ၁၃ ရက်ကလည်း အရာတော်- မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းလာရှင်းသည့် စစ်ကောင်စီ တပ်သားများပါ မိုင်းထိခဲ့ကြောင်း အရာတော် မြို့နယ် သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားသည်။

အရာ​တော်မြို့နယ် ၊နောင်ကြီးအိုင်ရဲစခန်းအဝင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခုနှစ်ဦးခန့် သေဆုံးဒဏ်ရာရနိုင်ကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု ARA ကယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ(၁၅)ရက် နေ့လည်ပိုင်းက အရာတော်မြောက်နယ်၊ အိုင်လျားရွာနှင့် နောင်ကြီးအိုင်‌ရွာမြောက်ပိုင်းမှ ဒေသခံပြည်သူ့နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နောင်ကြီးအိုင်စခန်းသို့ပြန်လာသည့် လမ်း၌ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခြင်းဟု ဗိုလ်ပေါက်စီက​ပြောသည်။

“မနေ့က ကတည်းက နောင်ကြီးအိုင်မြောက်ပိုင်း မှာ စစ်ခွေးတွေ ဝင်မွှေတာ။ဒီနေ့ အဲဒီကို ထပ်သွားတယ်လို့ သတင်းသိရတာနဲ့ သူတို့ ပြန်အလာကို စောင့်ပြီး တိုက်တာ။အသအဆုံးတော့ ကျွန်တော်တို့ အတည်ပြုမရသေးဘူး။ဒါပေမယ့် ထိတဲ့သူတော်တော်များတာ တော့ သေချာတယ်”ဟု၎င်းကပြောသည်။

နိုဝင်ဘာ ၁၃ ရက်ကလည်း အရာတော်- မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းလာရှင်းသည့် စစ်ကောင်စီ တပ်သားများပါ မိုင်းထိခဲ့ကြောင်း အရာတော် မြို့နယ် သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းသေဆုံးဒဏ်ရာရရှိသည်ဟု မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် မဟာမိတ် ခြောက်ဖွဲ့က အသိပေးသည်။

အရာတော်မြို့နယ်သည် စစ်အာဏာရှင်တော်လှန် ခုခံ ​တော်လှန်မှုအားကောင်းသော​ဒေသဖြစ်သည်။ထို့ကြောင့် စစ်ကောင်စီတပ်များမကြာခဏ မိုင်းဆွဲခံနေရပြီး သေဆုံးဒဏ်ရာရရှိသူလည်း အများအ ပြားရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ULA/AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ သံတမန်‌ရေးအဆင်ပြေမှာကို မနာလိုတဲ့အုပ်စု​တွေရဲ့လုပ်ကြံမှုဟုအသိ​ပေး

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။