Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ်တွေ ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၉)မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၉)မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူ ပူး​ပေါင်းပြီး “ပြည်သူ့အားမာန်သပိတ်” ဆိုတဲ့ စာသားကို ကိုင်ဆွဲကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ “မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ”၊ “စစ်အာဏာရှင်စနစ်ကို တော်လှန်ကြ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုတလင်မြို့နယ်မှာလည်း ပြည်သူတွေက တ.က.သ၊ ဗ.က.သ၊ အ.က.သ ကျောင်းသား၊ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ “ဆဲဗင်းဂျူလိုင်သွေးကြွေးဆပ်ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” စာသားကိုင်ဆောင်ပြီး စစ်တပ် ကျရှုံးရေး ဆန္ဒပြချီ တက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။