Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ မိုးကုတ်ဗုံးကြဲမှု က​လေးငယ်အပါအဝင် ၅ ဦး​သေ

မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုဝါဆိုလပြည့်​ညမှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးငယ် တွေအပါအဝင် ပြည်သူ၅ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။

စစ်​ကောင်စီ က ဇူလိုင် ၈ ရက်မှာဗုံးကြဲပြီး​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ဒေသခံ

ဇူလိုင်-၉၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုဝါဆိုလပြည့်​ညမှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးငယ် တွေအပါအဝင် ပြည်သူ၅ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။

ဇူလိုင်လ၉ ရက်နေ့ ၊ဒီနေ့ ည၈နာရီ ကျော်မှာ စစ်ကောင်စီက မိုးကုတ်မြို့ အရှေ့ခြမ်းကို ဗုံးကြဲတိုက်

ခိုက်ခဲ့တာဖြစ်ပြီး မောင့်မိုးကုတ်ဟိုတယ် ပေါ်ကျကာ ကလေးငယ်၃ဦးနဲ့ လူကြီး၂ဦး သေဆုံးခဲ့တယ်လို့ ​ဒေသခံက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“၅ယောက်သေတယ်လို့သိရတယ်။ညဖက်မို့ ဘယ်သူမှ ဒီမှာ အပြင်မထွက်ရဲကြဘူး။အသံကတော့ အကျယ်ကြီး ကြားလိုက်တယ်”လို့ ဒေသခံတဦး ကပြောပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဇူလိုင် ၈ရက်၊မနက် ၉နာရီကျော်မှာ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့်ပြည်သူ ၃ဦးသေဆုံးပြီး ၈ဦးဒဏ် ရာရခဲ့ပါ သေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။