Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ခွန်စိုင်ယန်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယမန်နေ့(ဇူလိုင် ၁၀ရက်)တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု ကချစ်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ဇူလိုင် – ၁၁၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ခွန်စိုင်ယန်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယမန်နေ့(ဇူလိုင် ၁၀ရက်)တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု ကချစ်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၁၀ရက်က လီဒီုလမ်း လဝါးကျေးရွာအုပ်စုရှိ ခွန်စိုင်ယန်ကျေးရွာ သင်္ချိုင်း၌ အခြေစိုက်သည့် စစ်ကောင်စီတပ်ကို KIAပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနကကချင်ဘာသာဖြင့် ဖော်ပြသည်။

စစ်ကောင်စီတပ်ကို နံနက် ၄နာရီတွင် စတင်တိုက်ခိုက်ခဲ့ရာ ၂နာရီ အကြာတွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သွားတိုက်တာတော့ ကြားတယ်။ အခြေအနေကောင်းတယ်။ အဲဒီသတင်း(KIA သတင်းပြန်ကြားရေးဌာန၏ ဖော်ပြချက်)အတိုင်းဆိုရင်တော့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့် လက်နက်ခဲယမ်း၊စစ်သုံ့ပန်းဖမ်းမိ အခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်။

KIA ပူးပေါင်းတပ်သည် ဇူလိုင် ၅ရက် ညပိုင်းကလည်း တနိုင်းမှ ဖားကန့်ဒေသသို့စစ်ကူသွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို နမ့်ယားဒေသ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ပြီးလက်နက်နှင့် စစ်သုံ့ပန်းများ ရရှိခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။

စစ်ကောင်စီသည် ဖားကန့်ဒေသ ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေး စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေ၍ ဧပြီမှစ၍ ဖားကန့်မြို့နယ်အတွင်း KIAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

KIA ပူးပေါင်းတပ်သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိရာ တိုက်ပွဲ နှစ်ဝက်ကျော်ကြာမြင့်နေပြီဖြစ်သည်။

လက်ရှိတွင် ဗန်းမော်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ပြင်ဆင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီကလည်း ဗန်းမော်မကျရေးအတွက် လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။