Connect with us

Hi, what are you looking for?

သတင်း

တက္ကဆက်စ်မှာ ရေဘေးကြုံနေချိန် ဖုန်းဆက်မှု အများအပြားကို အရေးပေါ် အေဂျင်စီက ဖုန်းပြန်မဖြေခဲ့

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးတုန်းက ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (FEMA)ဟာ အရေးတကြီး ဖုန်းဆက် အကူအညီ တောင်းခံမှုတွေ အရေအတွက် ထောင်နဲ့ချီပြီ ပြန်မဖြေနိုင်ခဲ့ဘူးလို့ သိရပါတယ်။

The New York Times

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးတုန်းက ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (FEMA)ဟာ အရေးတကြီး ဖုန်းဆက် အကူအညီ တောင်းခံမှုတွေ အရေအတွက် ထောင်နဲ့ချီပြီ ပြန်မဖြေနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အဲဒီလို ဖြစ်ခဲ့ရတဲ့ အဓိက အကျဆုံး အကြောင်းရင်းကတော့ FEMAဟာ ဖုန်းဆက် အကူအညီ တောင်းခံသူတွေကို အချိန်ပြည့် ပြန်လည် ဖြေကြားပေးနိုင်မယ့် call center စာချုပ်ဝန်ထမ်းတွေကို အလျဉ်မီအောင် သက်တမ်းမတိုးနိုင်တာကြောင့်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရ အသုံးစရိတ် လျှော့ချရေး အစီအမံအရ ဝန်ထမ်း အများအပြားကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး FEMAရဲ့ call center ဝန်ထမ်း အများစုဟာ ဇူလိုင် ၅ ရက်နေ့မှာ ရာထူးတာဝန်ကနေ ရပ်နားခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ဇူလိုင် ၄ ရက်နေ့က ဖြစ်ပွားတဲ့ ရေကြီးမှုတွေမှာ ဒုက္ခကြုံနေသူတွေဆီက ဖုန်းဆက် အကူအညီတောင်းမှု အများအပြားကို FEMAက ပြန်မဖြေနိုင်ဘဲ လွတ်သွားခဲ့တာပါ။

နောက်ဆုံးမှာတော့ ပြည်တွင်းလုံခြုံရေး ဝန်ကြီး ခရစ္စတီနိုအမ်က စာချုပ်ဝန်ထမ်းတွေရဲ့ စာချုပ်ကို သက်တမ်းတိုးပေးဖို့ ကိုယ်တိုင် ခွင့်ပြု အမိန့်ပေးခဲ့ပေမယ့် အဲဒီအတွင်းမှာ ၅ ရက်လောက် အချိန်ဟသွားခဲ့ပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာဆိုရင် FEMAဟာ တက္ကဆက်စ်ကနေ အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေရဲ့ ၃၆ ရာခိုင်နှုန်းကိုသာ ဖြေကြားနိုင်ခဲ့ပြီး ၇ ရက်နေ့မှာတော့ ဖုန်းခေါ်ဆိုမှု ၁၆၀၀၀ ထဲက ၁၆ ရာခိုင်နှုန်းလောက်ကိုသာ ပြန်ဖြေနိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပုံမှန် အခြေအနေမှာတော့ FEMAဟာ ဆက်သွယ်လာတဲ့ ဖုန်းခေါ်ဆိုမှု အားလုံးနီးပါးကို ဖြေကြားနိုင်လေ့ ရှိပါတယ်။ ဝန်ထမ်းတွေ အင်ပြည့်အားပြည့် အလုပ်ဆင်းတဲ့ နောက်ဆုံးနေ့မှာ ဖုန်းခေါ်ဆိုမှု ၃၀၂၇ ခုထဲက ၉ ခုကိုသာ FEMAက လွတ်သွားခဲ့ပါတယ်။

အခုလို အရေးပေါ် အခြေအနေမှာ FEMAရဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်စွမ်း ကင်းမဲ့နေတာဟာ ဆိုးရွားပြီး လက်ခံနိုင်စရာ မရှိဘူးလို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေး ပညာရှင်တွေက ဝေဖန်ခဲ့ပါတယ်။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင် တချို့ကလည်း စာချုပ်ဝန်ထမ်းတွေကို နှောင့်နှေးခဲ့မှုအတွက် ဝန်ကြီး နိုအမ်ကို မေးခွန်းထုတ်နေကြပါတယ်။

ဒါ့အပြင် တက္ကဆက်စ်မှာ သဘာဝ ဘေးဆိုး ကြုံပြီးချိန် ကတည်းက FEMAရဲ့ ယာယီ အကြီးအကဲဖြစ်သူ ဒေးဗစ် ရစ်ချတ်ဆန်က လူရှေ့ထွက်မလာတော့သလို တက္ကဆက်စ်ကိုလည်း သွားရောက်မှု မရှိတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ထရမ့်ကတော့ သူဟာ FEMAကို အပြီးတိုင် ဖျက်သိမ်းပြီး ဌာနရဲ့ အလုပ်တာဝန်တွေကို သက်ဆိုင်ရာ ပြည်နယ်အလိုက် အစိုးရတွေက ခွဲဝေယူစေချင်တယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။