Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်တပ်မပါတဲ့ နိုင်ငံရေးအခင်းအကျင်းကိုဖန်တီးနိုင်ပြီ

ဒါဟာ အောင်မြင်မှုဖြစ်ပြီး ဒီနေ့သတင်းစာရှင်းလင်းပွဲကနေ အင်အားရှိတဲ့စုဖွဲ့မှု ရှိပြီဆိုတဲ့သတင်းမျိုးပေးချင်တယ်လို့လည်း ပြောပါတယ်။

သမိုင်းတလျှောက်မှာ စစ်တပ်မပါတဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးနိုင်ခဲ့ပြီလို့ ဒီနေ့မနက်ပိုင်း ကျင်းပနေတဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ရဲ့ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ဦးမင်းကိုနိုင်ကပြောလိုက်ပါတယ်။

ဒါဟာ အောင်မြင်မှုဖြစ်ပြီး ဒီနေ့သတင်းစာရှင်းလင်းပွဲကနေ အင်အားရှိတဲ့စုဖွဲ့မှု ရှိပြီဆိုတဲ့သတင်းမျိုးပေးချင်တယ်လို့လည်း ပြောပါတယ်။

NUCC ဟာ အနာဂတ်ပြည်ထောင်စုအတွက် စုပေါင်းဦးဆောင်မှု၊ စုပေါင်းတာဝန်ခံမှုနဲ့ သွားနေတာဖြစ်ပြီး ဒါဟာနောက်ပြန်မဆုတ်တော့တဲ့ ခြေလှမ်းကောင်းဖြစ်တယ်လို့လည်း ဦးမင်းကိုနိုင်ကဆိုပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ NUCC ဆိုတာ ဘာလဲ၊ NUCC ဘာတွေလုပ်ဆောင်နေလဲဆိုတာကို ဦးမင်းကိုနိုင်က အကျဉ်းချုံးရှင်းပြထားတာကိုကောက်နုတ်တင်ဆက်ပေးလိုက်ပါတယ်။

NUCC လုပ်ဆောင်နေတဲ့လုပ်ငန်းစဥ်တွေနဲ့ပတ်သက်လို့ ဦးမင်းကိုနိုင်၊ ဦးအောင်ဆန်းမြင့်၊ ပဒိုစောတောနီး၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဦးမိုးသူ၊ ဒေါက်တာတေဇာစန်း၊ ဦးလွင်ကိုလတ်၊ ဦးနန္ဒာစစ်အောင်၊ ဦးခန့်ဝေဖြိုး၊ လွေးပိုးငယ်တို့က ဒီကနေ့ နိုဝင်ဘာ ၁၆ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ရှင်းလင်းပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။