Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စစ်ကြောင်းထိုးလာ၍ အရာတော်နယ်ရှိ လမ်းပိုင်းနှစ်ခု ပိတ်ထား

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေ၍ မုံရွာ – အရာတော်နှင့် အရာတော် – ရွှေဘိုလမ်းပိုင်းအား တော်လှန်ရေးအင်အားစုများက ယာယီပိတ်လိုက်သည်။

အရာတော်မြို့ဆိုင်းဘုတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၃၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေ၍ မုံရွာ – အရာတော်နှင့် အရာတော် – ရွှေဘိုလမ်းပိုင်းအား တော်လှန်ရေးအင်အားစုများက ယာယီပိတ်လိုက်သည်။

ယနေ့(ဇူလိုင် ၁၃ရက်)နေ့လည်ပိုင်းတွင် အမှတ် (၁၀)အခြေခံလေ့ကျင့်ရေးတပ် (စခတ-၁၀)မှ စစ်ကြောင်းသည် အရာတော် – ရွှေဘိုလမ်းပိုင်းအတိုင်းထွက်လာနေကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးသည်။

ထို့အပြင် ငွေတွင်းပျူစောထီးကျေးရွာမှ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များသည်လည်း အရာတော်-ရွှေဘိုလမ်းပိုင်းဘေးရှိ မြေနက်ကျေးရွာသိို့ ဦးတည်လာနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းနှစ်ခုသည် အရာတော်မြို့အတွင်း ဝင်ရောက်လာသော ပြည်သူများ​၏ မော်တော်ယာဥ်များ ချောဆွဲခြင်း၊ မိုင်းကာများအဖြစ် မောင်းနှင်သွားလာစေခြင်းနှင့် ပြည်သူ များအား ဖမ်းဆီးနေမှုရှိကြောင်း သိရသည်။

“လေ့ကျင့်ရေး (စခတ-၁၀)ကနေ စကစက ၅၀၀၄တပ်(တင့်ကားတပ်)ဆီကို အကူးအပြောင်းလုပ်နေတယ်။စစ်ကြောင်းထိုးတဲ့ ပုံစံမျိုးလိုတော့ ပြောမရသေးဘူး”ဟု အရာတော်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အရာတော်မြို့နယ် ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူကလည်း “အဓိကကတော့ သူတို့တွေ ထောက်ပို့စစ်ကြောင်းထွက်ချင်တာဖြစ် မယ် ပုံမှန်ဆိုရင် နမခကနေ အရာတော်မြို့နယ်မှာရှိတဲ့ စကစ တပ်တွေစီရယ် အရာတော်နယ်ငွေတွင်းပျူရွာကို ထောက်ပို့ စစ်ကြောင်းထွက်တယ်။ထွက်လာတဲ့ စစ်ကြောင်းကိုလဲ ကြားဖြတ်တိုက်ခိုက်တော့ ဒီကောင်တွေအထိနာပြီး ထောက်ပို့ကြောင်းထွက်ဖို့ခက်နေတာ”ဟု လက်ရှိလမ်းပိုင်းပိတ်လိုက်သည့်အပေါ် ရှင်းပြသည်။

အရာတော်မြို့နယ်တွင် စစ်ကောင်စီအခြေစိုက် တပ် စခတ (၁၀)၊ အမှတ်(၅၀၀၄)တင့်ကားတပ် နှင့် အမြောက်တပ်(၃၆၉)တပ်ရင်းတို့ရှိကာ ငွေတွင်း၊စပါးတွင်းနှင့် သလဲပါကျေးရွာတို့တွင် စစ်ကောင်စီတပ်က ပျူစောထီးများဖွဲ့စည်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။